447▫️448▫️449

820 110 0
                                    


အခန်း (၄၄၇)

သူတို့ သိပ်အကြာကြီးတောင်မရှာလိုက်ရဘဲ ရှုယန် ဆိုဖာပေါ်မှာ အိပ်ပျော်သွားတော့တယ်။ သူမ အိပ်ပျော်သွားတာမြင်တော့ ဖုန်ကျယ်ယွီ သူမကို မာစတာခန်းသို့ ညင်သာစွာ သယ်သွားလိုက်တယ်။ သူမ ဖိနပ်ကို ချွတ်ပေးလိုက်ကာ စောင်ခြုံပေးလိုက်ပြီး အချက်အလက်တွေ ကြည့်ရှုစစ်ဆေးဖို့ ဧည့်ခန်းကို ပြန်သွားလိုက်တယ်။

ရှုယန်နိုးလာတဲ့အချိန်မှာ ငါးနာရီထိုးနေပြီ ဖြစ်တယ်။ သူမ အကြောဆန့်လိုက်ပြီး သူမလည်ပင်းကို ပွတ်လိုက်တယ်။ မကြာသေးခင်က ဘာကြောင့်မှန်းမသိ သူမ အအိပ်ကြီးနေတယ်။ သူမ လုံလုံလောက်လောက် မအိပ်နိုင်ခဲ့ပုံပေါ်တယ်။

"နိုးပြီလား။ ညစာစားဖို့ ကိုယ် မင်းကို နှိုးတော့မလို့ပဲ"

"ကျွန်မကို ဘာလို့ မနှိုးတာလဲ။နေ့ဘက်အကြာကြီး အိပ်ရင် ညဘက်အိပ်ပျော်မှာ မဟုတ်တော့ဘူး။"ရှုယန် ညည်းညူပြောဆိုလိုက်တယ်။

ဖုန်ကျယ်ယွီ မျက်ခုံးပင့်လိုက်ပြီး လွန်ခဲ့တဲ့နှစ်ရက်က သူမ နေ့ခင်းဘက် အအိပ်မလွန်စေဖို့ သူမကို နှိုးဖို့ သွားတော့ အမြဲအပြုအမူကောင်းရှိတဲ့ ရှုယန်က သူ့ကို ဆွဲထုတ်ခဲ့တာကို သတိရလိုက်တယ်။

နောက်ဆိုရင် သူမကို မနှိုးဖို့ သူ့ကို လေးလေးနက်နက် ပြောခဲ့ပြီး ပြန်သွားအိပ်တော့တယ်။ နောက်ကျတော့ အဲ့ည ၉ နာရီမှာ ထပ်အိပ်သွားပြန်တယ်။

" မကြာသေးခင်က အအိပ်နတ်ဘုရားအစီးခံနေရတယ်ထင်တယ်။" ရှုယန် ဟာသလုပ်လိုက်ပြီး သူမပါးပြင်တွေက အိပ်ရာနိုးခါစမို့ အနီရောင်သန်းနေတယ်။

" သွားဆေးကြောတော့လေ။ကိုယ် ဒီနေ့ မင်းအကြိုက် ဆော့ညိုနှစ်ဝက်သားလုံးနှပ်ချက်ထားတယ်။"ဖုန်ကျယ်ယွီက ညင်ညင်သာသာ ပြောလိုက်တယ်။

ရှုယန် အောက်ထပ် ရောက်တဲ့အချိန်မှာ သူမအတွက် စွက်ပြုတ်ပြင်ပေးနေတဲ့ ဖုန်ကျယ်ယွီကို မြင်လိုက်ရတယ်။ သူမ အစာခံဖို့ တစ်ငုံနှစ် ငုံသောက်လိုက်ပြီး အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဝက်သားလုံးက သူမပါးစပ်ဘေးမှာ ပေါ်လာတယ်။ ရှုယန်ကတော့ မျက်မှောင်ကြုတ်လိုက်ပြီး တစ်ဖက်လှည့်သွားတယ်။ "ဝေးဝေးယူသွား။ ကျွန်မ အန်မိတော့မယ်။"

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now