16▪️17▪️18▪️19

4.7K 621 14
                                    

Unicode

အခန်း-(၁၆)-ကလေးများအား ခေါ်ယူခြင်း(1)

ရှုကျန့်ယန်ရဲ့အိမ်က ကလပ်တွေရဲ့ အနီးအနားမှာ တည်ရှိတယ်။92ခုနှစ်က နေရာတွေက 2019ခုနှစ်နဲ့ နီးစပ်မှုရှိတယ်။ ဒီနေရာတွေက နေရာကောင်းတစ်ခု‌တော့မဟုတ်ဘူး၊တစ်ချိန်လုံး အတိုက်အခိုက်များ‌နေကြတာ။ သူမရဲပုံစံ(ရုပ်ရည်)ကအရမ်းလုံခြုံပြီး ဘာဆိုးဝါးတာမှ ဖြစ်မှာမဟုတ်ဘူးလို့ ရှုယန် ခံစားမိတယ်။

"ဒီနေရာက မလုံခြုံဘူး။ ရှောင်ဖေးနဲ့ တစ်ခြား‌တစ်ယောက်ကို မင်းနဲ့ နေခွင့်ပြုလိုက်ပါ"။ရှုကျန့်ယန် စိတ်ပူနေမိတယ်။ ဒီ‌နေရာမှာ မုဒိမ်းမှုဟာ စိုးရိမ်စရာတစ်ခုတည်းမဟုတ်ဘူး။ အများစုက ဓားပြတိုက်မှုတွေ များကြတယ်။ နောက်တစ်ခုကတော့ သိပ်လုံခြုံမှု မရှိတာပဲ။

ရှောင်ဖေးက အဲ့နေ့က သူမကို လာပြေးခေါ်တဲ့ လူငယ် ဖြစ်တယ်။တစ်ခြားတစ်ယောက်ကတော့ ရှုကျန့်ယန်လက်အောက်က ဗလကြီးလို့ လူသိများတဲ့သူ ဖြစ်တယ်။သူတို့က ရှုကျန့်ယန်ရဲ့ ဘယ်လက်ရုံးနဲ့ ညာလက်ရုံးတွေပဲ ဖြစ်တယ်။

"ကျေးဇူးတင်ပါတယ်"ရှုယန့်က အပြင်ဘက်မှာသာ သန်မာတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ်။သူမက စာအုပ်ထဲ ကူးပြောင်းလာတဲ့ တစ်ကိုယ်တည်းအမျိုးသမီးတစ်ယောက်သက်သက်ပါပဲ။မူလပိုင်ရှင်ရဲ့ အရှုပ်အထွေးတွေပြီးနောက် ကိုယ်လက်မဆေးကြောရသေးမီ နေသားကျဖို့ အခွင့်အရေးတောင် မရှိခဲ့ဘူး။ယဲ့ကျစ်ချန်းလိုအရေးပါတဲ့ ဇာတ်ကောင်နဲ့ ရင်ဆိုင်ရတာကို.. မကြောက်ဖူးလို့ ပြောရင် သူမ လိမ်ရာကျလိမ့်မှာပေါ့။ရှုကျန့်ယန်ရဲ့ ကျောထောက်နောက်ခံကြောင့်သာ သူမ ဒီအထိ ကောင်းကောင်းလုပ်ဆောင်နေနိုင်တာ။

"တတိယအစ်ကို၊ ကျွန်မမှာ နောက်ထောက်အကူညီတောင်းစရာ ရှိ‌သေးတယ်"ရှုယန့်မှာ အကူညီတောင်းလို့မယ့်လူ ဘယ်သူ့မှ မရှိတော့ ရှုကျန့်ယန်ကိုပဲ အရှက်မရှိ အကူညီထပ်တောင်းလိုက်တယ်။

"ဆက်ပြောလေ"ရှုကျန့်ယန်က သူမကို ကူညီမယ်လို့ ပြောထားပြီးသား။သူ အခု တားမှာ မဟုတ်တော့ဘူး။

"ကျွန်မရဲ့ ကလေးနှစ်ယောက်က ရွာမှာပဲရှိနေသေးတယ်၊ ကျွန်မ စိုးရိမ်တာ ယဲ့ကျစ်ချန်းက အကြံအစည်ထုတ်ပြီး ပစ္စည်းချင်းဖလှယ်ဖို့ သူတို့ကို အသုံးချမှာကိုပဲ"ယဲ့ထျန်းပေါင်အနေဖြင့် စိတ်ပူစရာမလိုပေမယ့် သူမသမီး ယဲ့ကျင်းကျင်းကို ပိုစိတ်ပူမိတယ်။ ယဲ့ကျစ်ချန်းက သူမ (ယဲ့ကျင်းကျင်း)ကို ဘာလုပ်နိုင်မှန်း ဘယ်သူသိမှာလဲ?

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now