91▪️92

2.8K 424 8
                                    

အခန်း(၉၁)-မူကြို(1)

ထျန်းပေါင်ရဲ့  မူကြိုက ဈေးမပေါလေဘူး။ သူတို့ကလေးတွေကို ဒီကိုပို့ဖို့ တက်နိုင်ကြတဲ့ မိသားစုအားလုံးက ချမ်းသာကြပြီး ကလေးတွေ အားလုံးက အိမ်မှာဆို မင်းသား၊ မင်းသမီးလေးတွေ ဖြစ်ကြတယ်။

ထျန်းပေါင်ဆီက ကြားရတဲ့အကြောင်းအရာကို ရှုယန်က တခြား မိဘတွေနဲ့ ဆွေးနွေးခဲ့ပြီး နေ့လည်း စာစားချိန်မှာ ရုတ်တရက် သွားရောက်ဖို့ အကြံပြုလိုက်တယ်။

"အဒေါ်ဝူ စိတ်ပူနေတာလား?"ရှုယန်ရဲ့စကားလုံးတွေက အဘွားဝူကို ရင်အောင့်သွားစေပြီး ကျူတိုရီရယ်စင်တာရဲ့ စီစဉ်မှုအပေါ်ကို ကြမ်းတမ်းစွာ ဝေဖန်တိုက်ခိုက်တော့တယ်။"ငါ့အဖိုးတန် ကလေးလေးက ညစာကို အပြောင်အစင် စားတာ မဆန်းပါဘူးလေ။ သူ ကျောင်းမှာ ငတ်ပျက်ခဲ့တာကိုး"

"ကျွန်မကလေးရောပဲ။ သူက အမြဲ ဗိုက်ဆာတယ်လို့ ပြောပြီး ညစာကို တအားစားတော့တာပဲ။ သူကျောင်းမှာ အဆော့မတ်တာကြောင့်မို့လို့ ဒီလို မကြာခဏ ဆာနေတာလို့ ကျွန်မထင်ခဲ့တာ။ ရှင်ပြောသလိုသာဆို သူကောင်းကောင်း စားရရဲ့လား။ မဖြစ်ဘူး။ ဒီကိစ္စကို သူတို့ ဆရာမနဲ့ သွားပြောကြည့်ဖို့ လိုတယ်။"

"နေပါဦး။ ကျွန်မတို့မှာ လောလောဆယ် ဘာသက်သေမှ မရှိဘူးလေ။ ရှင်မေးတာကြောင့်နဲ့တော့ ဆရာမက ဝန်ခံမှာ မဟုတ်ဘူး။ ကျွန်မတို့ သက်သေလိုတယ်။ ကလေးတွေက ငယ်သေးတော့ ဘာမှ သိကြတာ မဟုတ်ဘူး။ ကျွန်မတို့ရဲ့ မနက်ခင်းအချိန်တွေကို အလွတ်ထားပြီး မူကြိုရဲ့ နေ့လည်စာ စားချိန်ကို စောင့်ကြည့်ရအောင်။ ဒီနည်းလမ်းကပဲ သူတို့ ကျွန်မတို့ကလေးတွေကို ဘာကျွေးလဲဆိုတာ မြင်နိုင်လိမ့်မယ်။ မီးဖိုချောင် သန့်ရှင်းရေးကိုလည်း ဝင်စစ်ဆေးကြည့်တာပေါ့။ အဲ့လိုဆိုရင်ရော" ရှုယန် တခြားသူတွေကို တားဆီးလိုက်တယ်။ သူတို့သာ ချီတက်သွားမယ်ဆိုရင် ဆရာမတွေက ဝင်ခံမှာ မဟုတ်ဘူး။ သူတို့ သက်သေလိုတယ်။ မဟုတ်ရင် သူတို့က ကျိုးကြောင်းမသင့်တဲ့ လူတစ်အုပ်ပုံ ပေါ်နေလိမ့်မယ်။

မိဘအနည်းငယ်ကတော့ ချီတုံချတုံ ဖြစ်နေခဲ့ပြီး ရှုယန် ပြောတာကို သဘောတူထောက်ခံခဲ့တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now