283▪️284

1.3K 182 5
                                    


အခန်း(၂၈၃)

ကျန်းဟွာရွှီရဲ့ ပုံစံကို ကြည့်ရရင် သူမအစာအိမ်ပြဿနာက ကိုယ်ဝန်ရှိနေပုံ ပိုပေါ်တယ်။

သူမနဲ့ ချန်ဖေးနှစ်ယောက်လုံးက ငယ်ရွယ်ပြီး ကျန်းမာကြတယ်။ သူတို့တွေ တားဆေး မသုံးကြဘဲ လက်ထပ်ပြီး ကိုယ်ဝန်ရတာက ပုံမှန်ပဲ ဖြစ်တယ်။

ရှုယန် လျှောက်သွားလိုက်ပြီး သူမနောက်ကျောကို ပုတ်ပေးလိုက်တယ်။ သူမကို တစ်ရှူးကမ်းပေး လိုက်ပြီး မေးလိုက်တယ်။ " နင် အဆင်ပြေရဲ့လား။"

"အင်း။ ကျွန်မ အဆင်ပြေပါတယ်။ ကျွန်မ အစာအိမ် ပူလောင်နေတယ်။" သူမက စကားပြောနေရင်း ထပ်အန်လိုက်ပြန်တယ်။ သူမမျက်လုံးထဲ မျက်ရည်တွေကျနေပြီး ဖြူဖျော့နေတယ်။ လုံးဝကို ကြည့်မကောင်းနေဘူး။

" နင် အရင်လက ရာသီ လာခဲ့သေးလား။" ရှုယန် မေးဖို့ ဆုံးဖြတ်လိုက်တယ်။

ကျန်းဟွာရွှီ အစက ဘာကြောင့်မေးလဲ နားမလည်ပေမယ့် နောက်တော့ တွေးမိသွားပြီး သူမမျက်လုံး ပြူးကျယ်သွားတယ်။" ၁၀ ရက် နောက်ကျနေတယ်ထင်တယ်။"

" ၁၀ ရက်နောက်ကျတာတောင် နင် သတိမထားမိခဲ့ဘူးလား။ မြန်မြန် နင် ကိုယ်ဝန်ရှိနေလားသိရဖို့ ဆေးရုံသွားလိုက်။ ကိုယ်ဝန်ရှိနေရင် အိမ်ပြန်ပြီး ခဏလောက် အနားယူလိုက်။ ကြည့်ဦး ၊ နင်ကြည့်ရတာ ဖြူဖျော့နေပြီ" ရှုယန် သူမကို စိတ်ပူမိပြီး ပြောလိုက်တယ်။

"ကောင်းပြီ။ ကျွန်မ ကိုယ့်ကိုယ်ကို စစ်ကြည့်ဖို့ ဆေးရုံကို သွားအုံးမယ်" ကိုယ်ဝန်မရှိခင်ကတော့ စောင့်နေဖို့ ဆွေးနွေးခဲ့တယ်။ ဒါပေမယ့် အခုသူမ ကိုယ်ဝန်ရှိလာခဲ့ရင် ပျော်မြူးရလိမ့်မယ်။ သူမနဲ့ ချန်ဖေး နှစ်ယောက်လုံးက ငယ်ကြတော့တာမဟုတ်တော့ ကလေးလိုချင်နေကြပြီ။

"ဒီမှာ စောင့်ဦး" ရှုယန် စိတ်ပူနေသေးတာကြောင့် ချန်ဖေးကို ဖုန်းခေါ်လိုက်တယ်။ နင် သူမကို စစ်ဆေးကြည့်ဖို့ ဘာကြောင့် ဆေးရုံကို မခေါ်သွားတာလဲ။"

ကိုယ်ဝန်ရှိနေတာ သေချာရဲ့လား မသိတာကြောင့် ဘာမှမပြောဖို့ ဆုံးဖြတ်လိုက်တယ်။ ရလဒ် ထွက်လာတဲ့ အချိန်ကြရင် သူ သိသွားမှာပဲ။ ကျန်းဟွာရွှီကလည်း ဘာမှမပြောခဲ့ဘူး။ သူမ ကိုယ်ဝန်ရှိမနေခဲ့ရင် ကော။ သူမ သူ့ကို ဘာကိုမှ စိတ်လှုပ်ရှား ပူပန်မနေစေချင်ဘူး။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now