105▪️106▪️107

2.8K 419 11
                                    


အခန်း(၁၀၅)-အကူအညီ(1)

ကျန်းဟွာရွှီရဲ့ မိဘတွေက အိပ်နေကြပြီ။ ဝူရွှီယွဲ့က တော့ သန့်စင်ဆေးကြောနေတုန်းပဲ။ အသံတွေကြားတော့ သူမယောင်းမအတွက် စားစရာ ပြင်ပေးဖို့ လက်ဆေးဖို့ ပြင်လိုက်တယ်။

"ယောင်းမ၊ ငါ့ဘော့စ်က နင်နဲ့ ပြောစရာရှိလို့တဲ့။ "ကျန်းဟွာရွှီက ဝူရွှီယွဲ့တစ်ယောက် သူမနောက်ကရှုယန်ကို မြင်နိုင်အောင် ဘေးသို့ ရွှေ့လိုက်ကာ သူမယောင်းမကို ရပ်တန့်စေလိုက်ရင်း ပြောလိုက်တယ်။

" ငါ အကူအညီ အကြီးကြီး တောင်းစရာရှိလို့ ရောက်လာတာပါ။" ရှုယန် တိုက်ရိုက် ပြောလိုက်တယ်။ "ဆိုင်က ကုန်ပစ္စည်းတော်တော်များများက ရောင်းကုန်သွားတယ်လေ။ ငါက လုံလုံလောက်လောက် မပြင်ဆင်ထားခဲ့တော့ ပစ္စည်း ပြန်ဖြည့်ဖို့ ဟန်မြို့တော်ကို ညတွင်းချင်း သွားရလောက်တယ်။ မနက်ဖြန် ငါ့ကလေးနှစ်ယောက်ကို နင်ကျောင်းပို့ပေးနိုင်မလား သိချင်တာကလွဲရင် အားလုံးကို ငါဂရုစိုက်နိုင်ပါတယ်။"

ရှုယန်က အားလပ်ရက်ဆို ကလေးနှစ်ယောက်ကို အိမ်မှာ သူတို့ဘာသူတို့ ထားခဲ့ဖို့ အဆင်ပြေပါတယ်။ ကျင်းကျင်း လိမ္မာတဲ့ ကောင်မလေး။ သူမ မောင်လေးကို ဂရုစိုက်နိုင်တယ်။ ဒါပေမယ့် ကျောင်းသွားတာကျတော့လား? ရှုယန် သူတို့နှစ်ယောက်တည်း ကျောင်းသွားမှာကိုတော့ စိတ်ပူတယ်။

စောင့်ကြည့်ကင်မရာ နေရာအနှံ့ရှိနေတဲ့ အနာဂတ်မှာတောင် ပြန်ပေးဆွဲခြင်းက ဖြစ်နေဆဲပဲ။ ဒီခေတ်ဒီအခါမှာဆို ကလေးအများစု ပျောက်ဆုံးခဲ့ကြဖူးတယ်။ သူမ နန်မြို့တော်သို့ ရောက်ပြီး မကြာခင် အတွင်းတုန်းကပဲ ကလေးတချို့ ပျောက်နေတယ်လို့ ကြားထားခဲ့တယ်။ သူမ အခွင့်အရေးပေးဖို့ ဆန္ဒမရှိဘူး။ သူတို့သာ တစ်ခုခုဖြစ်သွားခဲ့ရင် သူမကိုယ်သူမ ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး။

"အိုး၊ နင်က ငါ့ကို စိတ်ပူစေတာပဲ။ ဒါများ ကိစ္စမရှိပါဘူး။ ရွှီရွှီ အလုပ်ရနိုင်တာက နင့်ကြောင့်ပဲ ကို။ ဘယ်လိုပဲဖြစ်ဖြစ် ငါက ကူညီမှာပေါ့။" ဝူရွှီယွဲ့က ရှုယန်ကို ဖိတ်ခေါ်လိုက်တယ်။"နင်လည်း ဗိုက်ဆာနေရောပေါ့။ ငါ ရွှီရွှီ အတွက် စားစရာတချို့ အပူပေးမလို့။ နင် ဘာကြောင့် ငါတို့နဲ့ ဝင်မစားတာလဲ။"

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now