131▪️132▪️133

2.7K 390 5
                                    

အခန်း (၁၃၁) - နေရာသစ်ရှာခြင်း (3)

ထျန်းပေါင်က အရင်က ရှုယန်နဲ့ နေခဲ့ရတော့ ကောင်းမွန်အဆင်ပြေနေဆဲပါ။ တစ်ဖက်က ကျင်း ကျင်းကတော့ သူမ အမေ၏ ဟင်းချက်လက်ရာကို မစားရတာ ကြာပြီ။ သူမ ရင်းနှီးကျွမ်းဝင်နေတဲ့ အရသာမို့ ထမင်းပန်ကန်လုံး အပြည့် စားခဲ့ပြီး ဒုတိယပန်းကန်းစားပြီးသွားတဲ့အချိန်မှာ ရှုယန် သူမကို တားလိုက်တော့တယ်။

"တော်ပြီ။ ပိုစားရင် သမီး အစာမကြေ ဖြစ်လိမ့်မယ်" ကျင်းကျင်းကို ခေါင်းလျှော်ပေးတဲ့အခါ သူမ ခေါင်းမှာ သန်း တွေရှိနေတာကို ရှုယန် သတိထားမိလိုက်တယ်။ ဘယ်ကရောက်လာတာလဲ။

"သမီး မသိဘူး၊ မေမေ။ ဒါက ယားတယ်" အကြောင်းပြချက်တချို့ကြောင့် သူမအိမ်ပြန်ရောက်ကတည်းက ယဲ့ကျင်းကျင်းက ကလေးပိုဆန်လာတယ်။

ရှုယန် သူမကို ခပ်သုတ်သုတ်ခေါင်းလျှော်ပေးပြီးနောက် သူမဆံပင်က သန်းတွေကို ဖြီးချဖို့ သူမကို ဧည့်ခန်းကို ခေါ်သွားလိုက်တယ်။ ကံကောင်းထောက်မစွာ သန်းက အများကြီး မရှိဘူး။ ဒါပေမယ့် သူမဝတ်ဆင်ထားခဲ့တဲ့ အပေါ်ဝတ်အင်္ကျီနဲ့ ဘောင်းဘီကိုတော့ တစ်ခါတည်း သန့်ရှင်းသွားဖို့ ရေပူပူထဲ့ ထည့်ပြုပ်ဖို့လိုလိမ့်တယ်။  

နောက်တစ်နေ့ ရှုယန် ကလေးတွေကို ကျောင်းလိုက်ပို့သောအခါ ထျန်းပေါင်က ကျောင်းထဲကို မြန်မြန်ဆန်ဆန်ပဲ ပြေးဝင်သွားတယ်။ကလေးက ရင်ထဲမှာ အကြာကြီး ကျဉ်းကျပ်နေခဲ့တာပဲ။

ရှုယန်ဆိုင်ကိုရောက်သောအခါ ကျန်းဟွာရွှီကိုမေးလိုက်တယ်။"ဒီနေ့ ဘေးဆိုင်က တစ်ခုခု မဖြစ်ဘူးလား"

"ဟင့်အင်း၊ ဘာမှမဖြစ်ပါဘူး" ကျန်းဟွာရွှီက ရှုယန်ကို ဝေခွဲမရတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။

"ဘာမှမဟုတ်ပါဘူး။ မနေ့က နေ့ခင်းကနဲ့ ညနေက ရောင်းကောင်းရဲ့လား" ရှယန် စာရင်းစာအုပ်ကို ဖွင့်လိုက်ပြီး ငွေစစ်လိုက်တယ်။ 1200 ယွမ်ရတယ်ဆိုတော့ သိပ်မဆိုးပါဘူး။

" အဆင်ပြေပါတယ်" ကျန်းဟွာရွှီနဲ့ ယင်ယင်ကတော့ အတွေး မတူဘူး။ သူတို့ ပရိုမိုးရှင်းကာလအတွင်း တစ်နေ့ကို ယွမ် 7000 ကျော် 8000 ရောင်းခဲ့ရတယ်။ အရောင်းရဆုံးနေ့ဆို ယွမ်တစ်သောင်းတောင်ကျော်တယ်။ အခုတော့ သူတို့ရဲ့ ယွမ် ၁၀၀၀ နဲ့ ဝေးကွာသွားပြီ။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now