209▪️210▪️211

2K 243 3
                                    

အခန်း (၂၀၉) - "ကျွန်မအတွက် စောင့်ကြည့်ပေးထားပါအုံး" (1)

အခုတော့ အိမ်က ဟူရွေ့ ရွှယ်ရဲ့ အခြေအနေကို သိရှိသွားတဲ့ ရှုယန်က ရုံးက အရာအားလုံးကို သူမကိုပဲ ဖြေရှင်းကိုင်တွယ်ခွင့်မပြုထားနိုင်တော့ဘူး။ သူမလည်း တက်နိုင်သမျှ ကူညီ ကိုင်တွယ်ဖို့ လိုတယ်။

"နင်က သော်သော် နဲ့ အချိန်ကုန်ဆုံးဖို့ လိုတယ်။ ရုံးမှာ ငါ ကူညီနိုင်တဲ့ အလုပ်ရှိရင် ပြောပါ။ငါ တက်နိုင်သလောက် အကောင်းဆုံး ကူညီပေးမယ်" ရှုယန် ပြောလိုက်တယ်။

"အဆင်ပြေပါတယ်။ သော်သော် နဲ့ အိမ်မှာနေပေးဖို့ ကျွမ်းကျင်သူတစ်ယောက် ငှားထားတယ်။ ပြီးတော့ ငါ့အမေကလည်းပဲ ကူညီတယ်။ နင် ဒါကို စိတ်ပူဖို့ မလိုပါဘူး။ အဲ့ဟင်းချိုလေ... ဘာဖြစ်လို့လဲ မသိဘူး။ ငါ့ချက်တာကို သော်သော်က မကြိုက်ဘူး" ရှုယန်ချက်တဲ့ ဟင်းချိုမျိုး ဟူရွေ့ ရွှယ်လည်း ချက်ခဲ့ပေမယ့် သော်သော်က တစ်ငုံနှစ်ငုံပဲသောက်ပြီး ထပ်မသောက်ချင်တော့ဘူး။

"အရင်တစ်ခါ နင်ချက်သလိုပဲ ငါကြိုးစားချက်ကြည့်ပြီးပြီ။ အရသာကလည်း အတူတူပဲ။"ရှုယန်ချက်တဲ့ ဟင်းချိုလို တစ်ထပ်တည်း နီးပါး အရသာရှိတယ်။ရှုယန် ဝေခွဲမရဖြစ်သွားတယ်။

ဟူရွေ့ ရွှယ်လည်း မဖြေမရှာနိုင်တော့ဘူး။ ဖြစ်နိုင်တာက သော်သော်က အရမ်းကို တိကျခွဲခြား စိတ်ဖြာနိုင်တဲ့ အရသာခံစားမှုရှိပြီး နှစ်ခုကြားက ကွဲပြားမှုကို အရမ်းနားလည်နိုင်တယ်လို့ပဲ ပြောနိုင်တော့တယ်။

"ကောင်းပြီ။ ဒါဆို..ငါတို့ ဘာလို့ ဒီလိုမလုပ်တာလဲ။ မနက်ပိုင်းမှာ ငါ ကျင်းကျင်းအတွက် နေ့လည်စာချက်ပေးရမှာ။ ငါ ဟင်းချိုတစ်ခွက်ချက်ပြီး ယူလာပေးမယ်။ နင့်သမီး အတွက် အိမ်ယူသွားပေါ့"ရှုယန်က ကျင်းကျင်းအတွက် နေ့လည်စာ ပြန်ချက်ပေးနေရပြီ။ ဟင်းချိုတစ်ခွက် ချက်တာလောက်ကတော့ ပြဿနာကြီး မဟုတ်ဘူး။

"အဲ့ဒါက အရမ်းအလုပ်ပိုမှာပေါ့"

"ဘာအလုပ်ပိုတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါက ချက်ပြုတ်ရမှာပဲ "ရှုယန်က စာရွက်စာတမ်းတွေကို ချလိုက်ကာ သူတို့ပို့လိုက်တဲ့ အထည် နမူနာတွေကို ကြည့်လိုက်တယ်။ "အထည်အမျိုးအစား အများကြီးရှိပေမယ့် ပိုပြီးဆန့်ကျုံ့နိုင်တဲ့အထည်တွေက ဆောင်းဦးဝတ် ဝတ်စုံတွေ အတွက် ပိုကောင်းလိမ့်မယ်။"

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now