240▪️241▪️242

1.6K 231 6
                                    

အခန်း(၂၄၀)

ဖုန်ကျယ်ယွီက ဟန်မြို့တော်ကို သွားမှာဖြစ်ပြီး သူမနဲ့ ကားမျှစီးချင်ကြောင်း ကားဆရာ ရှုယန်ကို ပြောလာတဲ့ အချိန်မှာ သူမ သိပ်တွေးမနေဘဲ သဘောတူလိုက်တယ်။

သူမ သူနဲ့ အကြိမ်အနည်းငယ် စီးဖူးတာကြောင့် ယခုလို ဖုန်ကျယ်ယွီ လိုအပ်ချိန်မှာ သူမ သဘောမတူစရာ အကြောင်းပြချက်မရှိဘူး။

ရင်းနှီးနေကျ အပြုအမူနဲ့ ကားတံခါးကို ဆွဲဖွင့်ပြီး ကားထဲ လှမ်းဝင်လိုက်တဲ့ အချိန်ကျမှ ဖုန်ကျယ်ယွီလည်း အထဲမှာ ရှိနေတာကို သတိထားမိလိုက်တယ်။ သူက အရင်က ယာဉ်မောင်းသူ ဘေးထိုင်ခုံမှာ အမြဲ ထိုင်တာကြောင့် ဒီနေ့လည်း သူ အဲ့လိုပဲ ထိုင်လိမ့်မယ်လို့ ထင်ခဲ့တယ်။ သူက နောက်ခုံမှာ ပြောင်းထိုင်နေတာပဲ။ အခု သူမက ကားထဲ တစ်ဝက် ဝင်ပြီးနေပြီဆိုတော့ ဝင်ပဲထိုင်သင့်လား၊ နောက်ပြန်ဆုတ်သင့်လား မသေချာဘူး။

"ဘာဖြစ်လို့လဲ "ဖုန်ကျယ်ယွီက ရှုယန်ကို သာမန်အကြည့်နဲ့ ကြည့်လိုက်တယ်။

"အိုး ဘာမှ မဟုတ်ပါဘူး။" ရှုယန် ခဏတန့်သွားပြီး နှုတ်ခမ်း တင်းတင်းစေ့လိုက်တယ်။ အခုမှ ပြန်ဆုတ်ရင် သိပ်မကောင်းတာကြောင့် ကားထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ " သွားရအောင်၊ ဆရာ"

"မင်းရဲ့ ဆိုင်က ရောင်းကောင်းတယ်နော်?"

"အိုး?" ရှယန်က သူမပစ္စည်းတွေ နေရာချနေတာကြောင့် ဖုန်ကျယ်ယွီ ပြောတာကို ရှင်းရှင်းလင်းလင်း မကြားရဘူး။

"ငါပြောတာ...မင်းဆိုင်ရဲ့ စီးပွားရေးက ဘယ်လိုလဲလို့ " ဖုန်ကျယ်ယွီက အပြင်ပိုင်း တည်ငြိမ် ပုံပေါ်ပေမယ့် လက်တွေ့မှာတော့ သူ့လက်တွေ ချွေးထွက်နေတယ်။

"ခန့်မှန်းချေတော့ အဆင်ပြေပါတယ်။ နှစ်ကုန်တုန်းက ပရိုမိုးရှင်း လုပ်လိုက်တယ်။ စတိုင်အများကြီးရောင်းထွက်ခဲ့တယ်။ ဒါ့အပြင် နွေဦးရာသီဝတ် အဝတ်အစားတွေလည်း အဆင်သင့် ပြင်ထားဖို့ အချိန်ကျပြီမို့လို့ ဟန်မြို့တော်မှာ ကုန်ပစ္စည်း သွားတင်မယ်လို့ တွေးလိုက်တယ်။ ရှင်က သို့သို့ ဆီ သွားလည်မလို့လား" ရှုယန် အပြုံးနဲ့ ပြောလိုက်တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now