277▪️278▪️279

1.5K 190 1
                                    


အခန်း(၂၇၇)

"အဲ့ဒါက ဘာအဓိပ္ပာယ်လဲ။ ငါ့ကိုနှင်ထုတ်နေတာလား။ " သူတို့ရဲ့ ဧည့်သည်တွေကို အဲ့လိုဆက်ဆံတဲ့ အိမ်ရှင်ကို ဟူရွေ့ယန် တစ်ခါမှ မမြင်ဖူးဘူး။

ဟူရွေ့ရွှယ် ပေါ့ပေါ့ပါးပါး လည်ချောင်းရှင်းလိုက်တယ်။ " ပြောနေတာ ရပ်လိုက်တော့။ ယန်ယန်က အခုမှ ပထမဆုံးအကြိမ် အလည်လာတာလေ။ သူမကို လန့်ပြေးသွားပြီး နောက်တစ်ခါ ထပ်မလာရဲအောင် မလုပ်နဲ့ "

"ကောင်းပြီ။ ငါ သွားတော့မယ်။ မင်း ရှုယန်ကို အသိပေးလိုက်ဦး"

"ဘိုင့်.." ဟူရွေ့ ရွှယ်သူ့ကို လက်ဝေ့ယမ်းပြလိုက်တယ်။

သူမ အပြင် ပြန်ထွက်လာတဲ့ အချိန်မှာ ဟူရွေ့ယန် မရှိတော့ဘူးဆိုတာ သတိထားမိလိုက်တယ်။ သူမ မီးဖိုချောင်ဘက်ကို တစ်ချက်ကြည့်လိုက်တယ်။ အဲ့မှာလည်း ရှိမနေဘူး။

"နင် ထပ်ကြည့်စရာမလိုတော့ဘူး။ ငါ့အစ်ကို ကိစ္စရှိလို့ ထွက်သွားပြီ။ ဟူရွေ့ ရွှယ် ပြောလိုက်ပြီး ရယ်စရာတွေ့သွားတယ်။"အဲ့လောက် လိုအပ်လို့လား။ ငါ့အကိုက ဆိုးရွားတဲ့ လူ မဟုတ်ပါဘူး။"

"ဒါ့ပေါ့လိုအပ်တယ်။ နင့်အစ်ကိုမှာ သန်မာတဲ့ ရောင်ဝါ ရှိတယ်။ အဲ့ဒါက ငါ့လိုမျိုး ချေငံပြေပြစ်တဲ့ အရပ်သားတစ်ယောက်လိုမျိုး မဟုတ်ဘူး။ " သူနဲ့ စကားပြောနေတဲ့ အချိန်မှာ သူမ အမြဲသတိထားနေဖို့လိုတယ်လို့ ရှုယန် ခံစားရတယ်။

ရှုယန်ရဲ့ စကားလုံးတွေက ဟူရွေ့ ရွှယ်ကို အတောမသတ်နိုင်အောင် ရယ်မောစေတယ်။

နေ့မနား ညမအား အလုပ်ကြိုးစားမှုနဲ့အတူ ဟူရွေ့ရွှယ်ရဲ့ ဆိုင်လေးက ၂၀ရက်နေ့မှာ ပြင်ဆင်လို့ ပြီးသွားတယ်။ ချန်ဖေးက ဆိုဖာ၊ မီးသီး၊ မီးချောင်း စသည်တို့ကို သူမအတွက် ကြိုတင်အော်ဒါ မှာပေးခဲ့ပြီး ရောက်လာကြပြီ။ ရှုယန် သူမကို အဝတ်တန်းစင်နဲ့ ကိုယ်တိုင်းရုပ်အတွက် စက်ရုံတွေနဲ့ ချိတ်ပေးခဲ့ပြီး သူတို့က အရည်အသွေးမြင့်ပြီး ဈေးသက်သာတယ်။ အဲ့ပစ္စည်းတွေက ဈေးသိပ်မများဘဲ ငွေအများစုက‌ို ကုန်ပစ္စည်းညဝယ်ဖို့အတွက် သုံးစွဲနေရဆဲ ဖြစ်တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now