341▫️342▫️343▫️344▫️345▫️346

1.5K 202 1
                                    


အခန်း(၃၄၁)

"မဟုတ်ဘူး။ ကျွန်မ မိသားစု ကိစ္စပါ။ ကျွန်မ ဝမ်းကွဲ အကူအညီနဲ့ ကျွန်မ မိသားစုနဲ့ စာချုပ်မှာ လက်မှတ်ထိုးပြီးသွားပြီ" ရှုယန် သူ့ကို ဇာတ်လမ်းကို ပြောပြလိုက်ပြီး ညည်းညူပြလိုက်တယ်။"ယွမ် ၅၀,၀၀၀ မလှူခဲ့ဘူးဆိုရင် ဒီလို ချောချောမွေ့မွေ့ မဖြစ်ခဲ့မှာ သေချာတယ်။ ငွေကိုလည်း ကောင်းကောင်း သုံးစွဲခဲ့ပြီး ကိုယ့်အတွက်လည်း ကုသိုလ်ရတဲ့အတွက် နှစ်ဆတိုးတာပေါ့"

အဓိကကတော့ ရှုယန် မူလပိုင်ရှင်အတွက် လုပ်တာပါ။ ဝိညာဉ်သာ ရှိခဲ့ရင် ပြန်လည်မွေးဖွားပြီး လောက်ပြီ။ ယခုတင် မဟုတ်ဘဲ မူလပိုင်ရှင်နဲ့ သူမကိုယ်တိုင်အတွက် ကုသိုလ်တွေ တိုးပွားလာဖို့ အနာဂတ်မှာလည်း ပရဟိတလုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားမယ်။

"မင်းတို့အားလုံး သွားမယ်ဆိုရင် ငါလည်း ငါ့ဇာတိမြို့ကို ပြန်လည်ဖို့ ပိတ်ရက်ယူရမယ်" အိမ်မှာ ဘယ်သူ့မှမရှိဘဲ ဘာမှ လုပ်စရာ မရှိတဲ့ အချိန်မှာ သူမ လစာစုဖို့အတွက် အိမ်မှာနေတာက မကောင်းဘူးလို့ ခံစားရတယ်။

" အဒေါ် အဲ့လိုလုပ်ဖို့ မလိုပါဘူး။ ခရီးထွက်ဖို့ လိုရင် ခွင့်ယူပါ။ မဟုတ်လည်း အိမ်မှာနေလို့ရတယ်။"  ပမာဏက ရှုယန်အတွက် အရေးမပါပါဘူး။

"ငါ ဒီမှာနေတာ ၆ လ ကြာပြီလေ။ ငါလည်း အလည်အပတ်သွားချင်ပါတယ်။ သန့်ရှင်းရေး လုပ်ဖို့ ၁ ရက် ၂ ရက် စောပြီး ပြန်လာလိုက်မယ်။ အဲ့ဒါဆို အဆင်ပြေမှာပါ။" သူမတစ်ယောက်တည်း အိမ်မှာနေတာက မကောင်းတာက တစ်ပိုင်း၊ သူမ တစ်ချက် ပြန်သွားကြည့်ချင်တာကြောင့် တစ်ပိုင်းဖြစ်တယ်။ အချိန်ကြာလာတော့ သူမ အိမ်ကို နည်းနည်းလွမ်းနေပြီ။

အဒေါ်က အဲ့လိုပြောတော့ ရှုယန် အတင်းအကြပ် မတိုက်တွန်းတော့ဘူး။ အဒေါ် သူမအိမ်ကိုပြန်ယူသွားဖို့ ပင်လယ်စာ၊ အသားများ၊ သစ်သီးများ၊ နို့ဘူး အမျိုးမျိုး၊ ပေါင်မုန့်၊ အဟာရဖြစ်စေတဲ့ အစားအစာတွေ စသည်ဖြင့် ပြင်ဆင်ပေးလိုက်တယ်။ပင်လယ်စာက ဟူရွေ့ ရွှယ်ဆီက လက်ဆောင်ဖြစ်တယ်။ အသားက ကိုယ်တိုင်ဝယ်ထားတာဖြစ်ပြီး ကြာကြာခံမှာတော့ မဟုတ်ဘူး။ နို့၊ ပေါင်မုန့်နဲ့ အဟာရဖြစ်စေတဲ့ အစားအစာတွေက အားလပ်ရက် အတွင်းတုန်းက တခြားသူတွေဆီက လက်ဆောင်ရခဲ့တာတွေ ဖြစ်တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now