122▪️123▪️124

2.6K 411 8
                                    

အခန်း (122)- သင့်ရန်သူအား သင့်အနီးတွင်ထားပါ (3)

အိမ်ပိုင်ရှင်က အိမ်ထဲဝင်သွားတဲ့ ရှုယန်နဲ့ ကလေးနှစ်ယောက်ကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်။" ကျိုးကြောင်း မသင့်တာ မဟုတ်ပါဘူး။ ကျွန်တော် လက်တွေက အချည်ခံထားရတာ။ ကျွန်တော့်မိန်းမက ကျွန်တော့်ကို တစ်ချက် လွတ် အမိန့်ပေးထားတာ"

ကောင်းပြီ။ သူက သူ့မိန်းမကို အသေ ကြောက်တဲ့သူပါ။ သူ့ဇနီးက အခု သူ့ကို အိမ်ပြန်ယူကိုယူရမယ်လို့ ပြောခဲ့တော့ သူမရဲ့ စိတ်မချမ်းသာမှု က သူ့ကို ပြောင်းလဲသွားစေမှာမဟုတ်ဘူး။ ဒါက သူ့အိမ်ပဲလေ။ စာချုပ်ချုပ်ထားတယ်ဆိုရင်တောင် အိမ်ပိုင်ရှင်က အိမ်ပြန်လိုချင်ပြီဆိုတာနဲ့ သူမဘာမှလုပ်နိုင်တော့မှာမဟုတ်ဘူး။ အိမ်ငှားခြင်းရဲ့ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်မှာ ထိုကဲ့သို့ ဖြစ်တယ်။

"ကောင်းပြီ၊ ကျွန်မနားလည်ပြီ"

မိုးရွာလာတဲ့အခါ မိုးရေစက်တွေ တဖြောက်ဖြောက်ကျလာတယ်။ ခုနောက်ပိုင်း ရှုယန်က ဆိုင်ကိစ္စနဲ့ အလုပ်ရှုပ်နေပြီး ကလေးနှစ်ယောက်ကလည်း ရှိသေးတယ်။ သူတို့ နေရမယ့်နေရာနဲ့ ပတ်သက်တဲ့ ပြဿနာသစ် ကိစ္စကြောင့် ရှယန် ချက်ပြုတ်ချင်စိတ် မရှိတော့ဘူး။ကလေးတွေနဲ့အတူ အစာပြေ တစ်ခုခု စားထားလိုက်ပြီး ဟင်းချက် နေရင်း သူတို့ ဘာရွေးရမလဲဆိုတာကို ဆက်တွေးနေခဲ့တယ်။

"အမေ။သမီးတို့ ဒီမှာဆက်နေလို့ မရတော့ဘူးလား။

သူမ သမီးရဲ့ ပူပန်နေတဲ့ မျက်ဝန်းတွေကို ကြည့်မိတော့ ရှုယန် စိတ်ပြန်စုစည်းလိုက်တယ်။ သူမ ကလေးတွေကို ပြဿနာ ဝန်မပိစေချင်ဘူး။ ရှုယန် သူမကို ပြုံးပြီး ပြောလိုက်တယ်။ "အားလုံး အဆင်ပြေပါတယ်။ အမေ သမီးကျောင်းနားမှာ အိမ်တစ်လုံးဝယ်ထားတယ်။ သမီးတို့ အရင်က ကြည့်ဖူးတယ်လေ။ မှတ်မိလား။ အဲ့အိမ်က ပြုပြင်မွမ်းမံပြီးနေပြီ။ နှစ်သစ် မတိုင်ခင် အမေတို့ ပြောင်းလို့ရလိမ့်မယ်"

"နှစ်သစ်ကူးကြရင် အိမ်မပြန်ဘူး မဟုတ်လား"

ရှုယန် ခေတ္တငြိမ်နေခဲ့တယ်။ သူမပြောတဲ့ "အိမ်" ဆိုတာ ရှီမြို့တော်က သူတို့အိမ်ကို ရည်ညွှန်းတာဖြစ်ကြောင်း သူမ သဘောပေါက်ဖို့ အချိန်တချို့ ကြာသွားတယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now