356▫️357▫️358

1K 160 0
                                    


အခန်း (၃၅၆)

တစ်နေ့တာ ပင်ပန်းပြီးနောက် ရှုယန် အောက်ထပ်မှာ ရပ်ရင်း သူမ နားထင်ကို ပွတ်သပ်လိုက်တယ်။ ဖုန်ကျယ်ယွီက ကားနားမှာ သူမကို စောင့်နှင့်နေပြီဖြစ်တယ်။

"ပင်ပန်းနေပြီလား။"

"ကျွန်မတို့ ကုမ္ပဏီက အမျိုးသမီး အဝတ်အစားဘက်ကို ဖြန့်ကျက်မလို့လေ။ ဒီနေ့ ဂရုစိုက်စရာ ကိစ္စတွေ အများကြီး ရှိနေတာ။ ကျွန်မတစ်နေ့လုံး အစည်းအဝေးထိုင်နေရတယ်။" စကားပြောပြီးနောက် ရှုယန် သူ့ကို မေးလိုက်တယ်။"ရှင်ရော ဒီနေ့ ဘယ်လိုလဲ "

"သိပ်မဆိုးပါဘူး။ ငါ့ညီကိုတွေက ငါ့ကို ကူညီပေးတယ်။ " နှစ်ယောက်သား အိမ်ပြန်လမ်းတစ်လျှောက်လုံး စကားပြောခဲ့ကြတယ်။

" ကျွန်မ အရင်သွားတော့မယ်။ ရှင်လည်းပဲ ပြန်တော့လေ။" ရှုယန် သူ့ကို လက်ဝှေ့ယမ်းပြပြီးနောက် လှည့်ထွက်လာခဲ့တယ်။

ပုံမှန်အားဖြင့် ဖုန်ကျယ်ယွီ ရွာကို ကားမောင် ပြန်လေ့မရှိဘူး။ သူ ပါကင်ထိုးဖို့ နေရာတစ်ခု ရှာပြီး ကားပေါ်ကာ ဆင်းကာ လမ်းလျှောက်ပြန်ခဲ့တယ်။

ရွာအဝင်ဝကို အမျိုးသမီးတစ်ယောက် လျှောက်လမ်းလာတယ်။သူမ ဖုန်ကျယ်ယွီကို မြင်တဲ့ အချိန်မှာ သွားဖို့ပြင် လိုက်ပေမယ့် တခြားဖြတ်သွားဖြတ်လာတွေ ရှိနေတာကို သတိထားမိပြီး လျှင်မြန်စွာ နောက်ပြန်ဆုတ်လိုက်တယ်။ သူမကို မမြင်သွားစေချင်ဘူး။

ဖုန်ကျယ်ယွီ ရှေ့ကို တည်တည်ငြိမ်ငြိမ်လျှောက်လှမ်းနေပြီး ထောင့်တစ်ခုအရောက်မှာ ရပ်လိုက်တယ်။ သူမိနစ်အနည်းငယ်ခန့် စောင့်နေပြီးနောက် သူ့နောက် ကနေ သူ့ဆီ လျှောက်လာတဲ့သူကို ဖမ်းဆွဲလိုက်ပြီး နံရံမှာ ဖိညှပ်လိုက်တယ်။ အမျိုးသမီးတစ်ယောက်မှန်းသိသွားတော့ သူမကို မြန်မြန်လွှတ်လိုက်ပြီး နောက်ကို နှစ်မီတာလောက် ပြန်ဆုတ်သွားတယ်။

"မင်းဘယ်သူလဲ။ ဘာကြောင့် ငါ့ကို နောက်ယောင်ခံနေတာလဲ။" တစ်ယောက်ယောက် သူ့နောက် လိုက်နေတာကို သတိထားမိတော့ စိတ်အခြေအနေအရမ်းဆိုးသွားတယ်။အဲ့ဒါက အမျိုးသမီးတစ်ယောက်လို့ မမျှော်လင့်ထားဘူး။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now