328▫️329▫️330

1.2K 192 0
                                    

အခန်း (၃၂၈)

ကျင်းကျင်းက အတန်းတင်စာမေးပွဲ ပြီးခါနီးနေပြီ။ ဒီအတန်းတင်စာမေးပွဲ ပြီးရင် သူမက ဒုတိယတန်း ဖြစ်လိမ့်မယ်။

ထျန်းပေါင် ဘက်ကတော့ နည်းနည်း ကွဲပြားတယ်။ မူကြိုက ဆောင်းရာသီရော၊ နွေရာသီ အားလပ်ရပ်ရက်ရော မရှိဘူး။ သူ့အတွက် တစ်နှစ်စာ ပေးချေထားပြီး ဘယ်အချိန်ဖြစ်ဖြစ် ပိတ်ရက်ယူလို့ ရတယ်။အဲ့ဒါက ပိုပြီး ပြောင်းလွယ်ပြင်လွယ် ရှိတယ်။

ရှုယန်က နွေရာသီအားလပ်ရက်အတွင်း ခရီးသွားချင်ပြီး ဘယ်ကို သွားရမလဲ စဉ်းစားနေတာကို ဖုန်းကျယ်ယွီ မှတ်မိတယ်။ နိုင်ငံခြားကို ခရီးသွားဖို့ သူတွေးထားပေမယ့် ရှုယန်က အဲ့ခရီးကို ထျန်းပေါင် ကြီးတဲ့အထိ စောင့်ချင်ခဲ့တယ်။ နိုင်ငံအတွင်း ခရီးသွားရမယ်ဆိုရင် မြက်ခင်းပြင်ကို အလည်သွားဖို့ တွေးထားတယ်။

" ငါ အဲ့မှာ နှစ်နှစ်လောက်နေခဲ့ဖူးတော့ အဲ့နေရာနဲ့ အတော်လေး ရင်းနှီးတယ်။ ငါက မြင်း ဘယ်လိုစီးရမလဲ ဆိုတာလဲ သိတော့ အပျော်ခရီး အတွက် မင်းတို့ကို ခေါ်သွားလို့ ရတယ်။ အဲ့ကလူတွေက အရမ်း စိတ်အားထက်သန်ကြပြီး လှုပ်ရှားမှုတွေလည်း အများကြီးရှိတယ်။"

ရှုယန် အရင်ကတော့ ပင်လယ်သွားဖို့တွေးထားပေမယ့် မြက်ခင်းပြင်လည်း အဆင်ပြေတယ်။ အရင်က အဲ့ဒါကို တွေးထားပေမယ့် သိပ်မလုံခြုံမှာ စိုးခဲ့တယ်။ ဒါပေမယ့် ဖုန်ကျယ်ယွီ အကြံပြုတယ်ဆိုတော့ အဆင်ပြေမှာပါ။ ဒီလိုဆို သူတို့ဂျူလိုင်လမှာ မြက်ခင်းပြင်ကို သွားလို့ရပြီး ဩဂတ်လမှာ ပင်လယ်ကို သွားလို့ရတယ်။

ကလေးနှစ်ယောက် ကျောင်းက ပြန်လာတဲ့အချိန်မှာ ရှုယန် သူတို့ကို ပြောလိုက်တယ်။ "အမေတို့ရဲ့ ခရီးစဉ်ကို နည်းနည်းလေး ပြောင်းလဲရမယ်။ အမေတို့ မြက်ခင်းပြင်ကို အရင်သွားမယ်။ ဩဂတ်လမှ ပင်လယ်ကြည့်ဖို့သွားမယ်။ မင်းတို့ ဘယ်လိုထင်လဲ"

"ဒါဆို သမီးတို့ ဒီလကို မြက်ခင်းပြင်ကိုသွားပြီး ဩဂတ်လကို ပင်လယ်ကို သွားမှာလား" ကျင်းကျင်းနဲ့ ထျန်းပေါင် နှစ်ယောက်လုံး ရှုယန်ကို ပျော်ရွှင်စွာ ကြည့်လိုက်တယ်။ ကလေးနှစ်ယောက် သိသလောက်ကတော့ နေရာနှစ်ခုလုံးနဲ့ ပက်သက်ပြီး စိတ်လှုပ်ရှားရတယ်ဆိုတာပဲ။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now