255▪️256▪️257

1.5K 248 3
                                    

အခန်း (၂၅၅)

ယင်ယင့် မိဘတွေ ထွက်မလာခင် အားလုံး ဖြေရှင်းဖို့လိုတယ်။ မဟုတ်ရင် သူတို့ရဲ့ အနှောက်အယှက်နဲ့ ဆို ကြီးမားတဲ့ ရန်ပွဲကြီး ဖြစ်လိမ့်မယ်။

ရှုယန် ဟူရွေ့ ရွှယ်ကို ဖုန်းခေါ်လိုက်ပြီး အိမ်ထောင်စုစာရင်း ပြောင်းရွေ့ရာတွင် အကူအညီပေးနိုင်သူကို သိ၊ မသိ မေးလိုက်တယ်။

"အဲ့ဒါက လွယ်ပါတယ်။ သူမရဲ့ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်ကဒ်ကို သွားရှာလိုက်ရုံပါ။ ကျန်တဲ့ကိစ္စကို ငါ တစ်ယောက်ယောက်ကို ဖြေရှင်းခိုင်းလိုက်မယ်" ရှုယန် သူမကို လိုအပ်ကြောင်း ဖော်ပြပြီးနောက် ဟူရွေ့က တုန့်ဆိုင်းမှုတောင် ရှိမနေဘူး။

"ကျေးဇူး တင်ပါတယ်။ ငါ နင့်ကို အကြွေးတင်သွားပြီ။"အချိန်ခဏလေးအတွင်းမှာပဲ သူမ ဟူရွေ့ ရွှယ်ကို ထမင်းနှစ်နပ်စာ အကြွေးတင်နေပြီ။

"ဒါက ဘာမှ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါက နင်တို့နှင် ယောက်အတွက် အန္တရာယ်ရှိမှာ စိုးတယ်။ ငါ နင်တို့နောက်ကိုလိုက်ဖို့ တစ်ယောက်ယောက် လွတ်လိုက်ပါရစေ" အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုသန်မာတယ်။ တစ်ခုခုဖြစ်လာခဲ့ရင် အမျိုးသမီးနှစ်ယောက်ဆိုရင်တောင် အမျိုးသားတစ်ယောက်ကို ခုခံကာကွယ်နိုင်မှာ မဟုတ်ဘူး။

" အဆင်ပြေပါတယ်။ ငါ တစ်ယောက်ယောက်ကို သိတယ်။ " သူ့မ ဖုန်းချပြီးနောက် ဖုန်ကျယ်ယွီ ဆီ ဖုန်းခေါ်လိုက်တယ်။"ကျွန်မမှာ အကူအညီတောင်းစရာရှိတယ်"

"ပြောကြည့်လေ" ရှယန်က အကူညီလိုတဲ့ အချိန်မှာ သူ့ကို တွေးမိတာကို ဖုန်ကျယ်ယွီ အရမ်းပျော်နေမိတယ်။ ဒါက သူမ သူ့ကို ယုံကြည်တယ်ဆိုတာကို ပြနေတယ်လေ။

"ရှင်သိပါတယ်.. ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စကိုလေ။ ကျွန်မ ယင်ယင့်အိမ်ထောင်စုစာရင်း ပြောင်းဖို့အတွက် ကူညီချင်လို့။ ဒါပေမယ့် အဲ့အတွက် သူမရဲ့ အိမ်ထောင်စု စာရင်းနဲ့ မှတ်ပုံတင်ကဒ်လိုနေတယ်။ သူမ မိဘတွေက နှစ်ခုလုံးကို ဖွတ်ထားတာ မို့လို့ ကျွန်မတို့ သူမ နေရာမှာ အဲ့ဒါတွေကို သွားရှာရမယ်။ သူမအကို အိမ်မှာရှိနေနိုင်တော့ ရန်ပွဲတွေ ဖြစ်မှာစိုးလို့။"

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now