302▫️303▫️304

1.1K 178 0
                                    


အခန်း (၃၀၂)

သူတို့ အစီအစဉ်တွေက မြင့်သထက် မြင့်လာခဲ့တယ်။ ရှုယန်ဆိုင်က ဆိုင်စဖွင့်ကတည်းက အကြီးမားဆုံး ပရိုမိုးရှင်း ဖြစ်ခဲ့တယ်။ ဝယ်ဖို့ ရည်ရွယ်ချက်မရှိတဲ့ window Shopping ထွက်သူများလည်း လာရောက်ကြည့်ရှုကြပြီး  အဝတ်အစားတွေ မြင်မိချိန်မှာ တစ်ခု၊ နှစ်ခုတော့ ဝယ်ဖြစ်ကြတယ်။ ရှုယန်ဆိုင်က အဝတ်အစားတွေက လှပတာကြောင့် တစ်ပိုင်း၊ အဲ့အဝတ်အစားတွေက အရည်အသွေးမြင့်တာကြောင့် တစ်ပိုင်းဖြစ်တယ်။ လက်ရှိဈေးနဲ့ ဝယ်နိုင်တာက ခိုးနေတာလို့တောင် ခံစားရတယ်။

ဒီအခွင့်အရေးကို သုံးပြီး ရှုယန် တစ်ယောက် လောင်ကျန်းဖယ်ရှားပစ်ဖို့ လောင်ကျန်းဆီက ဆောင်းဦးဝတ် အတွင်းခံသိုလှောင်ရုံက အတွင်းခံတွေ ယူလာခဲ့တယ်။

အရမ်း လူကြိုက်မများတဲ့ အိမ်တွင်းဝတ် ပေါ့ပေါ့ပါးပါး အဝတ်အစားများလည်း ပါဝင်ခဲ့ပြီး တော်တော်များများ ကုန်သွားတယ်။ သူမက ခဲတစ်လုံးနဲ့ ငှက်တစ်အုပ်ကို ပစ်လိုက်တာပဲ။

ကန်စတန်မာတစ်ယောက် အထဲဝင်လာချိန်တိုင်း သူမက သူတို့ကို လက်ကမ်း ကြော်ငြာပေးပြီး သူတို့ လမ်းမျက်နှာချင်းဆိုင်က ဆိုင်ကို ပြောင်းမယ့်အကြောင်း အသိပေးလိုက်တယ်။ လှုပ်ရှားမှု အစီအစဉ် များစွာ ရှိမှာဖြစ်ပြီး အသေးစိတ်အချက်အလက်ကို လက်ကမ်း ကြော်ငြာတွင် ဖော်ပြထားတယ်။ သူတို့ ပစ္စည်းဝယ်သည် ဖြစ်စေ၊ မဝယ်သည် ဖြစ်စေခြင်္သေ့အကဖျော်ဖြေမှုကို လာရောက်ကြည့်ရှုနိုင်ပြီး၊ အဆိုတော်တွေလည်းရှိမှာဖြစ်ကာ၊ ကံစမ်းမဲအတွက် အံဖွယ်ဆုတွေလည်း ရှိမှာ ဖြစ်တယ်။

တရုတ်လူမျိုးတွေက အမြဲတမ်း တက်ကြွလှုပ်ရှားရတာကြိုက်တယ်။ သူတို့ရဲ့ ဖွင့်ပွဲတစ်ခုကို ဒီလောက် ငွေအများကြီး မြှုပ်နှံတဲ့အခါမှာ ကြားမိတဲ့ လူတိုင်းက အချိန်ကျရင် သူတို့ သေချာပေါက် အရောက်သွားရမယ်လို့ ဖော်ပြကြတယ်။

နှစ်ရက်ကြာပြီးနောက် အဝတ်အစား ၈၀% က ရောင်းထွက်သွားတယ်။ ကျန်ရှိတဲ့ အဝတ်အစားတွေနဲ့ ပတ်သက်ပြီး ရှုယန် စိတ်မပူဘူး။ သူမ အဲ့အဝတ်အစားတွေအတွက် ဖြေရှင်းနည်း စဉ်းစားပြီးပြီ။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now