72▪️73

3.2K 470 8
                                    

အခန်း (၇၂) - မျက်နှာသာဆိုင်ရှာဖွေခြင်း (4)

"ခင်ဗျား အမည်ပေါက် ပြောင်းလဲချင်တယ်ဆိုရင် တူညီတဲ့ စီးပွားရေးမျိုးပဲ ဖြစ်ရမယ်။ တခြားစီးပွားရေးဆိုရင် အရင်ဆုံး ကျွန်တော့်ရဲ့ သဘောတူညီမှု လိုလိမ့်မယ်။ ကျွန်တော့်ရဲ့ နေရာက အရမ်း သစ်လွင်တယ်။ ဒီမှာ စားသောက်ဆိုင်တစ်ဆိုင်တော့ မထားချင်ဘူး။ ဒါ့အပြင် ငှားခကိုလည်း နှစ်စဉ် ၁၅% တိုးမယ်" အိမ်ရှင်က အတော်လေး ဉာဏ်ရည်ပြည့်ဝပုံပေါ်တဲ့ အသက်လေးဆယ်အရွယ် မျက်မှန်တပ်ထားတဲ့ အမျိုးသားတစ်ယောက်ဖြစ်တယ်။

ရှုယန်နည်းနည်းလောက်တွေးတော ချိန်ဆ လိုက်ပြီး ပြောလိုက်တယ်။ "ကောင်းပါပြီ။ ဒါပေမယ့် ကျွန်မတို့ စာချုပ်ဖောက်ဖျက်ရင် ငှားခရဲ့ ဆယ်ဆနဲ့ ညီမျှတဲ့ ပြစ်ဒဏ်တစ်ခု ပေးဆပ်ရမယ်ဆိုတဲ့ အချက် ပေါင်းထည့်ရမယ်။"

"နှစ်ဆ ဆိုရင်ကော?"အိမ်ရှင်က မျက်မှောင်ကြုတ်ထားရင်း ပြောလိုက်တယ်။

လောင်ဟူရဲ့ စေ့စပ်ညှိနှိုင်းမှုပေးအပြီး နောက်ဆုံးမှာတော့ သူတို့ သုံးဆနဲ့ သဘောတူလိုက်ကြတယ်။

အထည်ဆိုင်ရဲ့ စာချုပ်က တစ်လအတွင်း အကျုံးဝင်သေးတော့ လက်ရှိမှာ လွဲပြောင်းခ ဒေါ်လာ ၃၀၀၀ ကို အတင်းအကျပ် တောင်းဆိုနေသေးတယ်။ နည်းနည်းတော့မြင့်တာပေါ့။ သေချာသလောက်ကတော့ ရှုယန်ကလည်း ပြောသမျှ အယုံလွယ်သူ ဟုတ်မနေတော့ဘူးလေ။

နောက်ဆုံးမှာတော့ လောင်ဟူက သူမကို ဒေါ်လာ ၁၅၀၀ ထားဖို့နဲ့ ငွေရှင်းကောင်တာကိုပါ အလိုက် ပေးဖို့ ပြောလို့ရခဲ့တယ်။

"ဒီဆိုဖာကို မလိုချင်တာ သေချာပြီလား။ ကျွန်မဝယ်ထားတာ တစ်နှစ်ပဲရှိသေးတယ်။ ဒါက ၉၀% သစ်နေတာနဲ့တူပြီး သုံးထားရုံသာသာပဲ ရှိတာ။ ရှင် လိုချင်တယ်ဆိုရင် ဒေါ်လာ ငါးဆယ်နဲ့ပေးမယ်လေ။ ပြီးတော့ ဒီအဝတ်စားချိတ်တန်းတွေအားလုံးကလည်း အသစ်တွေ ။အားလုံးကို ဒေါ်လာ၁၀၀နဲ့ ထားပေးမယ်ဆိုရင်ရော" လောင်ပန်နျောင်က စိတ်အားထက်သန်စွာကို ပြောနေတယ်။

အနီရောင်ဆိုဖာက တကယ်ကို သစ်ပုံ‌‌ပေါ်ပါတယ်။ အဝတ်အစားချိတ်တန်းတွေကလည်း သူမ လိုအပ်လာလိမ့်မယ်။ ဒါပေမယ့် ဈေးမဆစ်တာက ကောင်းတဲ့ အလေ့အကျင့် မဟုတ်ဘူးလေ။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now