27▪️28▪️29▪️30

4.4K 652 14
                                    

Unicode

အခန်း(၂၇)-ကွာရှင်း (1)

ရှုယန့်က သူမကလေးနှစ်ယောက်နဲ့အတူ ရှုကျန့်ယန်အိမ်ကို ပြောင်းရွေ့လိုက်တယ်။ ရှုကျန့်ယန်ကတော့ သူ့သူငယ်ချင်းနေရာကို ရွှေ့သွားတယ်။သူတို့က ဝမ်းကွဲတွေဆိုရင်တောင် အရွယ်ရောက်ပြီးသူတွေလေ။ အတူတူသာနေကြမယ်ဆိုရင် အနေရခက်မှာပေါ့။

ယဲ့ကျစ်ချန်းက ရှုယန့်ကို ဟိုတယ်မှာ ရှာမတွေ့တော့ ရှုကျန့်ယန်ကို ရှာဖို့ အချိန် တော်တော်များများ သုံးလိုက်ရတယ်။သူ့ကိုရှာနေရင်းနဲ့ပဲ သူ့ဒေါသတွေငြိမ်သက်စ ပြုလာခဲ့တယ်။

"ရှုယန့် ဘယ်မှာလဲ"

"သူမနဲ့ ဘာကိစ္စ ပြောချင်လို့လဲ"ရှုကျန့်ယန် မျက်ခုံးပင့်လျက် မေးလိုက်တယ်။

"ပုံတွေက ဘာတွေလဲ"ရှုကျန့်ယန်ရဲ့ အကူအညီမပါဘဲနဲ့တော့ ရှုယန့်က အဲ့ကိစ္စတွေကို ဘယ်နည်းနဲ့မှ ပြီးမြောက်နိုင်မှာ မဟုတ်ဘူး။

ပုံအထပ်လိုက်ကို ယဲ့ကျစ်ချန်းရှေ့ ပစ်ပေးလိုက်တယ်။"ဒါက သူမအတွက် နမူနပြပေးရုံသက်သက်ပဲ ရှိသေးတယ်၊ နောက်တစ်ကြိမ်ဆို အဲ့ဒါ မင်းပဲ ဖြစ်လိမ့်မယ်"

ဘယ်ဓာတ်ပုံတွေထဲမှာမှ သူ မည်သူမည်ဝါဖြစ်ကြောင်း ဖော်လို့မရနိုင်တာကို မြင်မှ သက်သာရာရသွားတော့တယ်။ဒါပေမယ့် သူ့ဒေါသက တဖန် အမောက်ထောင်လာပြန်တယ်။

"ရှုယန့်က ဘာလိုချင်တာလဲ?"

"ရိုးရိုးလေးပါပဲ၊ ကွာရှင်းပေးရမယ်၊ တစ်ပြားတချပ်မှ မယူပဲ ထွက်သွားရမယ်" ရှုကျန့်ယန်က ခြေထောက်ထောက်ကန် နောက်မှီရင်း ပြောလိုက်တယ်" သူက ခြေထောက်လှုပ်နေရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။ " ငါသာ မင်းဆိုရင် သူမရဲ့ သတ်မှတ်ချက်ကို လက်ခံလိုက်မှာ၊ ပိုက်ဆံက ပိုပိုပြီး တိုးရှာနိုင်တယ်ဆိုတဲ့စကားကို မင်းသိလား။ မင်းမှာသာ အရည်အချင်းရှိရင် သုံးနှစ်ကနေ ငါးနှစ်အတွင်း လက်ရှိနေရာကို ပြန်ရောက်နိုင်လိမ့်မယ်။ မင်းက ဝေ့လည်ကြောင်ပတ် အချိန်ဆွဲချင်တယ်ဆိုလည်း ရပါတယ်။ ဒါပေမယ့် ကျောင်းကျောင်းက ဘယ်လောက်ကြာကြာ စောင့်နေနိုင်မှာလဲ"

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now