134▪️135▪️136

2.5K 377 4
                                    

အခန်း (၁၃၄)- ဖရဲသီး စားသူများ(၃)

ဒီဇိုင်နာချန်က ဒီကို မီးသီးတွေလာပို့တာလား" သူမနေရာရဲ့ ပြုပြင်မွမ်းမံထားတဲ့ ပုံစံပြာကို သူ့ကို ပြပြီးပြီ။ သူက အဲ့ဒါနဲ့ပတ်သတ်ပြီး စိတ်အားထက်သန်နေမယ်လို့ မမျှော်လင့်ထားဘူး။ သူက သူမ နေရာကို တကူးတက လာကြည့်ခဲ့ပြီး သူမနေရာအတွက် စိတ်ကြိုက် ဒီတိုင်း မီးသီးများ ဒီဇိုင်းဆွဲပေးကာ  စိတ်ကြိုက် မီးသီးနဲ့ ပရိဘောဂတွေ မှာဖို့ ကူညီပေးခဲ့တယ်။

"အိုး ဟုတ်တယ်။ မီးသီးတွေ ပြီးသွားပြီ။ ပရိဘောဂတွေက မကြာခင်ပြီး လိမ့်မယ်။ ကျွန်တော် အရင်တစ်ခေါက်က မင်းရဲ့ နေရာ စစ်ဆေးကြည့်ပြီးပြီ။ ဆရာကြီးတွေရဲ့ လုပ်ပုံကိုင်ပုံက အရမ်းကို ကျွမ်းကျင်ကြပါတယ်။ ပြုပြင်မွမ်းမံထားတဲ့ ပုံစံက ကြည့်ကောင်းတယ်။ ဒါပေမယ့် မင်း ချက်ချင်းမရွှေ့သေးနဲ့အုံး။ မင်းမရွှေ့ခင် သုံးလလောက် စောင့်ဖို့ ကျွန်တော် အကြံပြုချင်တယ်။" ရှုယန် တယောက်သူမငှားထားတဲ့ နေရာကနေ ဖယ်ပေးလိုက်ရတာကို ချန်ဖေးလည်း ကြားထားတယ်။

"ကျွန်မ နှစ်ကုန် ထိနေလို့ရမယ့် နေရာတစ်ခု ရှာတွေ့ထားပြီးပါပြီ။ နှစ်ကုန်ပြီးမှပဲ ပြောင်းသင့်လား" ရှုယန်က မီးသီးတွေ ကြည့်ဖို့ ယင်ယင်ကို သူမနဲ့အတူ ခေါ်သွားလိုက်ပြီး ချန်ဖေးနဲ့ ကျန်းဟွာရွှီကို သူတို့ဘာသူတို့ နေခိုင်းထားလိုက်တယ်။

ဒီနေ့ရဲ့ရောင်းအားကတော့ အတော်ကလေး နည်းတယ်။ ဟိုပိုသည်သည်မှ လူတိုင်းဟာ လဲ့ရဲ့ အဖြစ်အပျက်နဲ့ပတ်သတ်ပြီး ပြောနေကြတယ်။ မြင်ကွင်းကတော့ အတော်လေးသက်ဝင်လှုပ်ရှားနေလေရဲ့။

ရှုယန် ဒီနေ့ စောစော ဆိုင်ပိတ်မလို့လုပ်တုန်းမှာ ရဲတွေရောက်လာခဲ့တယ်။ ရဲတွေကို သူတို့ ဘေးဆိုင်က ခေါ်လိုက်တာ။ အမျိုးသမီးက လဲ့ကို ကိုယ်တုံးလုံးချွတ်ပစ်ရုံတင်မကဘူး။ သူမဆိုင်ကိုလည်း ဖျက်ဆီးခဲ့တယ်။ မဟုတ်ရင် အိမ်ရှင်က ရဲခေါ်မှာ မဟုတ်ဘူး။

"မင်္ဂလာပါ။ ကျွန်တော်တို့ ခင်ဗျားကို မေးခွန်းတချို့လောက် မေးမလို့"

ရှုယန်ခေါင်းညိတ်လိုက်ပြီး သူမ သိသမျှ ပြောပြလိုက်တယ်။ သူမ အမျိုးသမီးကို သိလား၊မသိလား ဒါမှမဟုတ် အမျိုးသမီးရဲ့ ပုံပန်းသွင်ပြင်ကို မှတ်မိလားလို့ မေးတဲ့အခါ ရှုယန် ခေါင်းခါလိုက်တယ်။ မေးခွန်းအားလုံးကို မသိဘူးလို့ ဖြေတာက မမှားသွားနိုင်ပါဘူး။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now