398▫️399▫️400

966 138 1
                                    


အခန်း (၃၉၈)

သူမ အရင်က အဘိုးရှုနဲ့အတူ အချိန်မဖြုန်းဖူးပေမယ့် မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်အရ အဘိုးရှုနဲ့ အဘွားရှုဟာ သူတို့ရဲ့ ဒီမြေးမကို ဘယ်တော့မှ ဂရုမစိုက်ခဲ့ဘူး။ ရှုယိုဖူနဲ့ လင်းဇီရှန်း သူမကို ဘယ်လိုပဲ ဆက်ဆံပါစေ သူတို့က ဘာစကား တစ်ခွန်းမှာ မပြောခဲ့ဘူး။ သူတို့ထဲက တစ်ယောက်ယောက်က စကားတစ်ခွန်း ဝင်ဖြောင်းဖြပေးခဲ့ရင် မူလပိုင်ရှင်ရဲ့ ဘဝက ပိုချောမွေ့သွားလိမ့်မယ်။

မိသားစုတိုင်းက အခက်အခဲ ကိုယ်စီ ရှိကြတယ်။ ဖုန်ကျယ်ယွီရဲ့ မိသားစုမှာလည်း တခြားအခက် အခဲရှိပြီး မိသားစုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နာကျင်မှုမျိုးကို သူကောင်းကောင်း သိတယ်။ အဲ့ဒါက စကားလုံးလေး အနည်းငယ်၊ ပူပန်မှုလေး အနည်းငယ်လောက်နဲ့ ပြေပျောက်သွားနိုင်တာမျိုး မဟုတ်ဘူး။ သူအဲ့လောက်ပဲ ရှုယန်ကို ပြောခဲ့တယ်။ သူမရဲ့ မိသားစုဝင်တွေကို ခွင့်လွှတ်ဖို့လောက်ထိ သူ ဆက်ပြောမှာ မဟုတ်ဘူး။

" ကိုယ်တို့က ရှီမြို့တော်မှာ ရက်အနည်းငယ်ပဲ နေမှာ။ ဒါက မင်းအစ်ကိုသုံးအတွက် နေ့ကြီးရက်ကြီးလေ။ အနည်းဆုံးတော့ ကိုယ်တို့ အလိုက်သင့် ပြုမှု သင့်တယ်။"

သူ့စကားလုံးတွေက ရှုယန်ကို ပြုံးသွားစေတယ်။ အခြေအနေကို နားမလည်ဘဲ အကြံဉာဏ်ပေးတဲ့သူတွေကို သူမ မုန်းတယ်။ သူတို့က ဒီကမ္ဘာမှာ အဖြောင့်မတ်ဆုံး၊ အထူးချွန်ဆုံးသူတွေလို့ တွေးနေကြတာလေ။

သူတို့က ဟိုတယ်မှာတည်းခဲ့ပြီး မင်္ဂလာပွဲက ညဘက်မှာ ဖြစ်တယ်။ အချိန်စောသေးပေမယ့် အဲ့မှာ အလှဆင်တဲ့ ဝန်ထမ်းတွေတော့ ရှိနေပြီ။

နှစ်ယောက်သား အစားအသောက်ယူဖို့ အောက်ဆင်းသွားပြီး လှည့်ပတ်ကြည့်ခဲ့တယ်။ ပြင်ဆင်မှုက  ခေတ်ဆန်မှုရော၊ ဆန်းပြားမှုရော ရှိတယ်။ ဖြတ်သွားဖြတ်လာ အမျိုးသမီးတွေရဲ့ အားကျမနာလိုတဲ့ ပုံစံတွေကို မြင်နေရတယ်။

ဖုန်ကျယ်ယွီ ရှုယန်ကို ကြည့်ရင်း မေးလိုက်တယ်။"မင်း ကြိုက်လား"

"ကောင်းပါတယ်။" အမျိုးသမီးတွေ အားလုံးက သူတို့ရဲ့ မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး စိတ်ကူးယဉ်တတ်ကြတယ်။ ရှုယန်လည်းပဲ စိတ်ကူးယဉ်ခဲ့တယ်။ သူမရဲ့ မင်္ဂလာပွဲပုံစံကို အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့ပေမယ့် အဆုံးမှာတော့ သူမသာ လူမှန်နဲ့ မတွေ့ဆုံခဲ့ဘူးဆိုရင် အားလုံး စိတ်ကူးသက်သက် ဆိုတာ သူမ သဘောပေါက်ခဲ့တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now