200▪️201▪️202

2K 250 0
                                    

အခန်း (၂၀၀)- အစုရှင်တစ်ယောက် ဖြစ်လာခြင်း (2)

"ငါတို့ အဲ့လိုမလုပ်နိုင်ပါဘူး။ ငါတို့က လက်တွဲလုပ်ဖို့ သဘောတူပြီးပြီ။ စာချုပ်လည်း ချုပ်ပြီးပြီ။ စီးပွားရေး ထောင်တက်တဲ့အချိန်မှာ ချက်ချင်းလက်တွဲမဖြုတ်နိုင်ပါဘူးကွာ "လောင်ကျန်း ခေါင်းခါကာ ပြောလိုက်တယ်။

"ကျွန်မကူညီနိုင်တာ တခြား ဘာမှ မရှိဘူး။ ကျွန်မတို့က စပ်တူလုပ်ငန်းလို့ ခေါ်လို့ရပေမယ့် အစကတည်းက ပစ္စည်းတွေအတွက် ငွေကလွဲရင် ကျွန်မက ဘာမှမထည့်ထားဘူးလေ။ လုပ်သားအင်အား ဆိုပြောမနေနဲ့တော့။ အားလုံးက ရှင်နဲ့ ရှင့်ဇနီးရဲ့ ကြိုးစားမှုတွေပဲ။ နှစ်ကုန်ထိကျရင် ကျွန်မ ရမယ့် အမြတ်က သင့်တော်တာထက်ကို ပိုနေပြီလို့ ကျွန်မထင်ပါတယ်။" ရှုယန် အရိုးသား လေသံနဲ့ ပြောလိုက်တယ်။

လောင်ကျန်းနဲ့ သူမက ပြင်းပြင်းထန်ထန်ကို သဘောထားကွဲလွဲနေကြပြီး နောက်ဆုံးတော့ ယဲ့ရှုချင် ထွက်လာခဲ့တယ်။

"ကျွန်မတို့ ဘာကြောင့် ဒီလို မလုပ်ရမှာလဲ။ လက်တွဲဖြုတ်မယ့်အကြောင်း မပြောနဲ့တော့။ ဟုတ်ပြီနော်။ နောက်နှစ်ရောက်ရင် ကျွန်မတို့ ရှင့်ကို စက်ရုံရဲ့ အစုရှယ်ယာပဲ ပေးတော့မယ်"

"အဲ့ဒါက..."

"ဟုတ်တယ်!" လောင်ကျန်းက ရှုယန် ဘာမှမပြောရသေးခင် လက်ဝါးချင်းဖြောင်းကနဲ တီးလိုက်တယ်။ "ငါတို့ မင်းကို စတော့ခ်ပဲ တိုက်ရိုက်ပေးလိုက်မယ်။ မင်းအခု ငါတို့နဲ့ တိုက်ခိုက်ဖို့ ကြိုးစားနေတာ ရပ်လို့ရပြီ"

ရှုယန် တိုက်ပွဲမှာ ရှုံးနှိမ့်သွားခဲ့တယ်။ နောက်ထပ် ဆွေးနွေးမှုအချို့ပြီးနောက် စက်ရုံရဲ့ ရှယ်ယာ 20% လို့ ဆုံးဖြတ်လိုက်တယ်။

ရှုယန် ပြန်ခါနီးတွင် သေချာ တွေးကြည့်ပြီး ပြောလိုက်တယ်။"လောလောဆယ်မှာ ကျွန်မတို့မှာ အပါး စတိုင်နဲ့ ကတ္တီပါအလွှာပါတဲ့ စတိုင်ပဲ ရှိတယ်။ တခြားအထည်စမျိုးလည်း တွေးကြည့်လို့ရမယ်လို့ ကျွန်မထင်တယ်။ ပစ္စည်း အမျိုးအစားပေါ် အခြေခံပြီး ထုတ်ကုန်အမျိုးအစား သုံးမျိုးခွဲလို့ရတယ်။ ဒါဆို စတိုင်လည်းကျတယ်။ အရွယ်ရောက်သူ အမျိုးသားနဲ့ အမျိုးသမီးကို ကန့်သတ်ထားစရာ မရှိတော့ဘူး။ ကလေး အရောင်းဆိုင်ကလည်း ဆိုင်ကြီးတစ်ဆိုင်ပဲ။သက်ကြီးရွယ်အိုအတွက်လည်း စဉ်းစားလို့ရတယ်။ အဲ့ဒါ အားလုံး ဆောင်းရာသီ ဝတ်စုံတွေပဲ။ အစမ်းနည်းနည်းပဲ ထုတ်ကြည့်။ ရှင်တို့က ဖောက်သည်တွေ ရှိပြီးသားပဲလေ။ ရှင်တို့ စိတ်ဝင်စားရင် သွားကြည့်ကြည့်ပါ။ အဲ့ဒါက နောက်ထပ် နည်းလမ်းကောင်းတစ်ခု ဖြစ်နိုင်တယ်"

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now