288▪️289▪️290

1.3K 195 5
                                    


အခန်း (၂၈၈)

ကျန်းဟွာရွှီ တစ်ယောက် တစ်ရက်၊ နှစ်ရက် နားပြီးနောက် ပိုကောင်းလာတယ်။ ရှုယန်က သူမ အဆင်ပြေတယ်လို့ ခံစားရတာ သေချာမှ အလုပ်ပြန်လာဖို့ ပြောခဲ့တယ်။

"နင် မသက်မသာ တစ်ခုခု ခံစားရရင် ငါ့ကို အသိပေးပါ။ သည်းခံဖို့ မကြိုးစားနဲ့။ လောလောဆယ်တော့ နင့်ဗိုက်ထဲက ကလေးထက် ဘာမှ အရေးမကြီးဘူး။" သူတို့ အလုပ်အတွက် သည်းခံနေရမယ်လို့ လူအများစုက တွေးတက်ကြတယ်။ အကယ်၍များ ကလေးတစ်ခုခု ဖြစ်သွားရင် သူမတာဝန်ခံရတာမျိုး မဖြစ်ချင်ဘူး။

"ကျွန်မ သိပါပြီ။ ကျွန်မ နေလို့ မကောင်းဘူးလို့ ခံစားရရင် ဘော့စ်ကို အသိပေးပါ့မယ်။" နည်းနည်း တုံ့ဆိုင်းနေပြီးနောက် ကျန်းဟွာရွှီ ရှုယန်ကို ပြောလိုက်တယ်။" လင်ကျဲက အတော်လေးကောင်းတယ်လို့ ကျွန်မ ခံစားရတယ်။ သူမက သန်မာပြင်းပြတဲ့ အရောင်းသမားတစ်ယောက် မဟုတ်ပေမယ့် အလုပ်ကောင်းကောင်း လုပ်နိုင်တယ်။"

လင်ကျဲက နည်းနည်း အသက်ပိုကြီးတဲ့ အရောင်းဝန်ထမ်းဖြစ်တယ်။ သူမက ကျန်းဟွာရွှီ ပျက်ကွက်နေစဉ်တွင်း ဆိုင်မှာ ပြေးလွှားနေရတဲ့ တစ်ယောက်ဖြစ်ပြီး ဘာအမှား မဖြစ်စေခဲ့ဘူး။

"နင် ကလေးရှိလာပြီးရင် အလုပ်ထွက်ဖို့ စီစဉ်နေတာလား။" ဒါက ရှုယန်အတွက် သိရဖို့ အရေးကြီးတယ်။ ကျန်းဟွာရွှီက အလုပ်ဆက်လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုရင် သူမ စီစဉ်စရာ ဆက် စီစဉ်ဖို့ လိုအပ်တယ်။

ကျန်းဟွာရွှီက အလုပ်ဆက်လုပ်ချင်ခဲ့တယ်။ အခု အလုပ်က သူမနဲ့ ရင်းနှီးပြီး မပင်ပန်းတဲ့အပြင် လစာ ကောင်းကောင်းရတယ်။ သူမ အလုပ်မထွက်ချင်ဘူး။ အဲ့လိုဆိုပေမယ့် သူမ ကိုယ်ဝန်လရင့်လာတာအပြင် ကလေး မွေးလာပြီးနောက်မှာ ခွင့်ယူဖို့ လိုလာရင် သူမ မကိုင်တွယ်နိုင်မှာ စိုးတယ်။ သူမဘာဆက်လုပ်သင့်လဲ။

ရှုယန် သူမပုံစံကို ကြည့်ပြီး ဒီအလုပ်ကို သူမ အများကြီး ကြိုက်တယ်ဆိုတာ ပြောနိုင်တာကြောင့် သူမကို ပြောလိုက်တယ်။ "ငါ အရင်က နင့်ကို ပြောပြီးပြီနော်။ နင် အလုပ်လုပ်ချင်တယ်ဆိုရင် ဆက်လုပ်။ငါ နင့်ကို မီးဖွားခွင့် သုံးလ ပေးမယ်။ သိပ်စိတ်ပူမနေနဲ့။ အစိုးရိမ်လွန်နေတာက ကလေးအတွက် မကောင်းဘူး။"

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now