224▪️225▪️226▪️227

1.8K 248 4
                                    

အခန်း(၂၂၄)-"ကျွန်မကို... ဆက်ထားမှာလား"

"ကျွန်မ နာနီ တစ်ယောက်ငှားဖို့ စီစဉ်ထားတယ်။ သူတို့က အိမ်သန့်ရှင်းရေး၊ ချက်ပြုတ်ရေးနဲ့ ကလေး ကျောင်းပို့၊ကျောင်းကြိုလည်း လုပ်ရမယ်။ တွေးနေတာ ကြာပြီဆိုပေမယ့် သူတို့က ကလေးတွေကို တာဝန်ယူပေးရမှာဆိုတော့ ယုံကြည်လို့ရမယ့် တစ်ယောက်ကို လိုတယ်လေ။ အစ်မရဲ့ဆွေမျိုးက နာနီ ဖြစ်ဖို့ စိတ်မရှိရင် အစမ်းစစ်ကြည့်ဖို့ လာကြည့်လို့ရပါတယ်။ "သူမက သင့်တော်သူ တစ်ယောက် ဖြစ်လိမ့်မယ်လို့ ရှုယန်ရဲ့ စိတ်က ပြောနေတယ်။

"မဟုတ်တာဟယ်။ မဟုတ်တာ၊ သေချာပေါက် စိတ်မရှိဘူးပေါ့။" သူမက ချက်ပြုတ်တာ၊ အိမ်သန့်ရှင်းတာနဲ့ ကလေး ကျောင်းပို့၊ကျောင်းကြိုပဲ လုပ်ဖို့လိုတာလား။ အလုပ်တစ်ခုရနိုင်သလို သက်တောင့်သက်သာလည်း ရှိတယ်။

နောက်လာမယ့် ဆယ်စုနှစ်က မိန်းကလေးတွေက အိမ်ရှင်မ ဖြစ်ရတာ ခက်ခဲတယ်လို့ ခံစားရကောင်း ခံစားရနိုင်ရနိုင်ပေမယ့် ဒီခေတ်မှာကတော့ သန့်ရှင်းရေး၊အလျှော်အဖွပ်နဲ့ ချက်ပြုတ်ခြင်းတွေက သက်တောင့်သက်သာ အရှိဆုံး အလုပ်တွေလို့ မြင်ကြတယ်။ ရှုယန်ရဲ့ ကလေးနှစ်ယောက်က ကြီးနေပြီဖြစ်တာကို အသာထား...သူတို့က ကျောင်းပို့၊ ကျောင်းကြိုလုပ်ပေးဖို့ လိုရုံပဲ။

" လာကြည့်လိုက်ပါ။ ကျွန်မ သူမကို စစ်ဆေးကြည့်ဖို့ လိုတယ်။ " သူတို့က အိမ်နီးချင်းတွေ ဖြစ်တယ်။ရှုယန် သူတို့ကြားထဲ စိတ်ဝမ်းကွဲစေမယ့်အကြောင်းပြချက် မဖြစ်စေချင်ဘူး။

"ငါနားလည်ပြီ။ စိတ်မပူပါနဲ့။ ငါ သူမကို အသိပေးလိုက်မယ်။ အခွင့်အရေးပေးတာကိုပဲ ငါတို့ ကျေးဇူးတင်နေပါပြီ" ကျန်းကျဲလည်းပဲ ဆွေမျိုးဝေးတစ်ယောက်အတွက်နဲ့ သူမရဲ့ အိမ်နီးချင်းနဲ့ သဘောထား မကွဲလွဲချင်ဘူး။ ရှုယန်က အရမ်းချမ်းသာတာကို အသာထားဦး။ အဲ့လိုလူတစ်ယောက်နဲ့ ရင်းနှီးတာက နာစရာကို မရှိဘူး။

" သူမကို ဘာလို့ ဒီနေ့ မလာခိုင်းလိုက်တာလဲ။ ပထမဆုံးအနေနဲ့ ကျွန်မ သူမကို အစားအစာပြင်ခိုင်းမယ်။ အဆင်ပြေတယ်ဆိုရင် အစမ်းခန့်ကာလ တစ်လနေခိုင်းမယ်။ ပထမလမှာ ကျွန်မ သူမကို လစာ ယွမ် ၃၀၀ ပေးမယ်။ သူမက တည်မြဲ ဖြစ်လာရတော့ ယွမ် ၃၅၀ ပေးပါ့မယ်။ အခန်းခနဲ့ ထမင်းလခလည်း ပါဝင်ပါလိမ့်မယ်။ ကျွန်မ ဂျီးမများ တက်ဘူး။ သူမရဲ့ တာဝန်နဲ့ သန့်ရှင်းရေးကို ပြည့်စုံအောင် လုပ်ဖို့ပဲလိုတယ်။ ပိုအရေးကြီးတာကတော့ ကျွန်မကလေးတွေပေါ့။ သူတို့နဲ့ အဆင်ပြေသ၍ အားလုံးအဆင်ပြေပါလိမ့်မယ်။"

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now