294▫️295

1.1K 157 0
                                    


အခန်း(၂၉၄)

ဆိုင်ပိုင်ရှင်အမျိုးသမီးက အထဲရောက်တာနဲ့ ရှုယန်ကို စိတ်အားထက်သန်စွာ ကြိုဆိုခဲ့တယ်။ သူမက ရှုယန်ဖို့ လက်ဖက်ရည်နဲ့ သစ်သီးတွေ ယူလာခဲ့တယ်။

"အာ အဆင်ပြေပါတယ်။ ကျွန်မ အတော်လေး အလုပ်ရှုပ်နေတယ်။ ဒီတော့..."သူမ ပြောချင်တဲ့အရာကို ဆက်ပြောသင့်တယ်လို့ ရှုယန် ခံစားရတယ်။

"ရှင် သိပါတယ်... ကျွန်မမှာ သမီးတစ်ယောက်ရှိတယ်လေ.. သူမက ကျောင်းမှာ စာကောင်းကောင်း မကြိုးစားခဲ့တော့ တက္ကသိုလ် တက်ခွင့် မရခဲ့ဘူး။ သူမအဖေနဲ့ ကျွန်မက သူမ စက်ရုံမှာ အလုပ်ရဖို့ လာဘ်ထိုးခဲ့ရတယ်။ အင်း ရှင်သိပါတယ် စက်ရုံက စီးပွားပြုတ်သွားတယ်လေ။ သူမ အရွယ် မိန်းကလေးတစ်ယောက် တစ်နေကုန် ဘာမှမလုပ်ဘဲ အိမ်မှာနေစရာ အကြောင်း မရှိဘူးလို့ ကျွန်မထင်တယ်။ ဒါကြောင့် ငါတို့ သူမအတွက် ဆိုင်ဖွင့်ပေးချင်လို့။ ဒါကြောင့် ..." ဆိုင်ရှင်အမျိုးသမီးက သူမယောက်ျားကို တံတောင်နဲ့ တွက်လိုက်တယ်။

" အတိအကျပဲပေါ့။ ငါတို့မှာ ဒီသမီးတစ်ယောက်ပဲရှိတော့ သူမကို အနာဂတ်တစ်ခု ရှိစေချင်တယ်" ဆိုင်ရှင်က ခပ်သွက်သွက် ထပ်ပေါင်း ပြောလိုက်တယ်။

"ဒီတော့ ရှင်တို့က ဆိုင်ကို ပြန်ယူချင်တာလား" ရှုယန် အပြုံးနဲ့ မေးလိုက်တယ်။

သူတို့ စာချုပ်ချုပ်တဲ့ အချိန်တုန်းက ဒါကို ထည့်သွင်းစဉ်းစားခဲ့တယ်။ စာချုပ်ဖောက်ခဲ့ရင် ငှားခရဲ့ သုံးဆ ပေးလျော်ရမယ်ဆိုတဲ့ အချက်ကို ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းခဲ့တယ်။ လစဉ်ငှားခက ယွမ် ၈၀၀ ဖြစ်တယ်။ ပထမနှစ်အတွက် ယွမ် ၉,၆၀၀၊ ဒုတိယနှစ် အတွက် ယွမ် ၁၁,၀၄၀၊ တတိယနှစ်အတွက် ယွမ် ၁၂,၆၉၆ ဖြစ်ပြီး စုစုပေါင်း ယွမ် ၃၀,၀၀၀ ဖြစ်တယ်။အဲ့ငွေရဲ့ သုံးဆက ယွမ် ၉၀,၀၀၀ ဖြစ်တယ်။

"အင်း  မတက်နိုင်ဘူးလေ။ ငါတို့သမီးကိုတော့ ဒီလို အိမ်မှာထိုင်နေခွင့် မပြုနိုင်ဘူး။ ငါတို့မှာ ဆိုင်ရှိတယ်။ တခြားသူဆီ သွားငှားတာက ငါတို့အတွက် အဓိပ္ပာယ်မရှိဘူးလေ" ဆိုင်ပိုင်ရှင် အမျိုးသမီးက အပြုံးနဲ့ ပြောလိုက်တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now