317▫️318▫️319

1.2K 182 0
                                    


အခန်း (၃၁၇)

ရောင်းသူက အတော်လေး သဘောကောင်းတယ်။ အရှေ့နဲ့ အနောက်ခြံဝင်းက မြေဆီလွှာကိုတောင် တူးဆွပေးထားခဲ့တယ်။ထောင့်နားက တရုတ်နှင်းဆီ အနည်းငယ်က လွဲရင် သူတို့ခြံဝင်းထဲမှာ ဘာမှမရှိဘူး။ ရှုယန်မှာ အခွင့်ရေးရရှိ ပန်းဈေးကို သွားပြီး လှပပြီး ထိန်းသိမ်းဖို့ လွယ်တဲ့ ပန်းတွေ ရှာကြည့်ဖို့ စီစဉ်လိုက်တယ်။

သူမ နေရာသေးသေးလေးကို ခြံခက်ပြီး ကြက်သွန်မြိတ်နဲ့ တရုတ်ဟင်းခက်ပင်တို့ကို သီးသန့် စိုက်မယ်။ အဲ့ဒါက ဟင်းမွှေကြော်၊ ခေါက်ဆွဲကြော်တို့ ချက်တဲ့အခါ လိုလိမ့်မယ်။ ထို နစ်မျိုးလုံးက ထိန်းသိမ်းဖို့ လွယ်တယ်။ အချိန်ကုန်၊ လူမပင်ပန်းပဲသူတို့ကိုယ်တိုင် ရှင်သန်ကြီးထွားနိုင်တယ်။

တခြားအသီးအရွက်တွေဆိုရင် သူမမေ့သွားနိုင်တယ်။ သူမမှာ အချိန်မရှိရင် ဒါမှမဟုတ် သူမ မတွေးမိရင် သူတို့ကို ရှင်သန်အောင် ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူး။

"မင်း ဘာစိုက်ဖို့ စီစဉ်ထားလဲ။"

ဖုန်ကျယ်ယွီ အသံကို ရုတ်တရက် ကြားချိန်မှာ ရှုယန်က စာရွက်ပိုင်းလေးပေါ်မှာ ရေးနေတာ ဖြစ်တယ်။ သူမ သူ့ကို လှည့်ကြည့်ပြီး ပြောလိုက်တယ်။" အခုထိ မသိသေးဘူး။ ပန်းအချို့ပေါ့။"

ထောင့်နားက နောက်ထပ် နေရာသေးသေးလေးတစ်ခုကို သတိထားမိလိုက်တော့ စတော်ဘယ်ရီလည်း စိုက်ရလွယ်ကြောင်း သူမ သတိရလိုက်တယ်။ ထောင့်နားမှာ အပင်အနည်းငယ် စိုက်နိုင်ပြီး အချိန်တိုအတွင်း သူတို့က နေရာတစ်ခုလုံးကို ဖုံးအုပ်သွားလိမ့်မယ်။

" တွေးထားတဲ့ ပန်းမျိုးရှိလား။ ငါ့ လုပ်ဖော်ကိုင်ဖက်ရဲ့ ဇနီးက ပန်းတွေကြိုက်ပြီး အိမ်မှာ ပန်းတွေ အများကြီး စိုက်ထားတယ်။ မင်းအတွက် အပင်ပျိုးဖို့ မျိုးစေ့ မေးကြည့်ပေးလို့ရတယ်" သူမလိုချင်တဲ့မျိုး သူတို့မှာ မရှိရင်လည်း ဝယ်လို့ ရတယ်လို့ တွေးလိုက်တယ်။

" မသိသေးဘူး။ ထိန်းသိမ်းရလွယ်တဲ့ ပန်းမျိုးဖြစ်မှာတော့ သေချာတယ်။ ကျွန်မက မကြာမကြာ လာမှာမဟုတ်တော့ ထိန်းသိမ်းမှုကင်းမဲ့ပြီး မသေသွားစေချင်ဘူး"

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now