351▫️352▫️353

808 98 0
                                    


အခန်း (၃၅၁)

သူ့အကြောင်း ပြောပြီးနောက် ရှုယန် အထည်စက်ရုံ အကြောင်း မေးလိုက်တယ်။

မြက်ခင်းပြင်ဒေသက လူတိုင်းမှာ နွားတွေ၊ သိုးတွေ ရှိကြပြီး၊ သားရေ၊ သိုးမွှေးတွေက အဝတ်အစားအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဖြစ်တယ်။ သူတို့ ထုတ်လုပ်တဲ့ စက်ရုံကို အဲ့နေရာမှာသာ အခြေချနိုင်မယ်ဆိုရင် သူတို့အတွက် စရိတ်စက သက်သာပြီး အဲ့ဒီက နွားကျောင်းသား၊ သိုးကျောင်းသားတွေကိုလည်း ကူညီနိုင်လိမ့်မယ်။

သူတို့ကုမ္ပဏီက ရှုယန် ဖုန်းခေါ်ပြီး သုံးရက်အကြာမှာ သူတို့ရဲ့ ကင်းထောက်တွေကို စေလွှတ်ထားပြီး ဖြစ်တယ်။ သူတို့ရဲ့ တည်နေကို စစ်ဆေးကြည့်ရှုပြီးရင် သူတို့ရဲ့ ကင်းထောက်တွေက ထုတ်လုပ်မှုစက်ရုံကို အဲ့မှာ ဆောက်နိုင်ပြီး၊ တည်နေရာက မြို့တော်ကြီးကနေ သိပ်မဝေးဘူးလို့ ဆုံးဖြတ်ခဲ့ကြတယ်။  မြို့တော်ကြီးမှာက အထည်ထုတ်စက်ရုံ ရှိနှင့်နေပြီဖြစ်ပြီး ပြုပြင်ပြီးထုတ်ကုန်တွေကို ထုတ်လုပ်ဖို့အတွက် မြို့တော်ကြီးကို တိုက်ရိုက်ပို့ဆောင်နိုင်တယ်။ အဲ့ဒီက အလုပ်သမားတွေက ဈေးသက်သာတယ်။ နန်မြို့တော် သို့မဟုတ် မြို့တော်ကြီးမှာရှိတဲ့ ကုန်ကျစရိတ်ထက် တစ်ဝက် သို့မဟုတ် အဲ့ထက် ပိုသက်သာတယ်။ ကြားလူ မလိုဘဲ နွားကျောင်းသား၊ သိုးကျောင်းသားတွေဆီက တိုက်ရိုက်ဝယ်လို့ ရတယ်။

အဓိကအကျဆုံးကတော့ ဒေသခံအစိုးရက အပေးအယူတွေ အများကြီးနဲ့ သူတို့ကို စီစဉ်ပေးခဲ့တယ်။ ဒေသက ၁၀ နှစ်တာ အခွန်ကင်းလွတ်ခွင့်ရလိမ့်မယ်။ ဒေသခံ ဘဏ်အချို့ကလည်း သူတို့နဲ့ ဆက်သွယ်လာပြီး ချေးငွေကို သုံးနှစ် အတိုးမယူဘူးလို့ ကမ်းလှမ်းခဲ့တယ်။ ခြုံပြောရရင် သူတို့ သားရေနဲ့ သိုးမွှေးစက်ရုံကို အကုန်အကျ မရှိဘဲ တည်ဆောက် ဖြစ်လိမ့်မယ်။

"အဲ့အတွက် ရှေ့လျှောက်ကို ဆုံးဖြတ်ပြီးပြီ။ဆောက်ဖို့အတွက် တည်နေရာရွေးနေတယ်။ ဆုံးဖြတ်ပြီးတာနဲ့ ငါတို့ စဆောက်လို့ရပြီ။" ဟူရွေ့ ရွှယ် အပြုံးနဲ့ ပြောလိုက်တယ်။

" မွေးမြူရေးခြံကကော။" နွားကျောင်းသား၊ သိုးကျောင်းသားတွေဆီက ဝယ်တဲ့အချိန်မှာ ပင်ရင်းက အရမ်းအရေးပါတယ်။ ကုမ္ပဏီအနေနဲ့ မလုံလောက်မှာကို ပူပန်စရာမလိုပဲ ပစ္စည်း လုံလုံလောက်လောက် ရှိတဲ့နေရာ ရှာတွေ့ဖို့က အရေးကြီးပါတယ်။ ပြောရရင် ရှုယန် အဲ့ဒေသမှာ ဆောက်လုပ်ဖို့ ရွေးချယ်ရခြင်းရဲ့ အဓိက ကျဆုံး အကြောင်းပြချက်မှာ ရွာလူကြီးနဲ့ ရွာသူရွာသားတွေကို ကူညီဖို့ ဖြစ်တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now