305▫️306▫️307

1.3K 185 3
                                    


အခန်း (၃၀၅)

ဖျော်ဖြေမှုများအပြင် ရှိနေပြီးသား မန်ဘာတိုင်းလည်း လက်ဆောင် လက်ခံရရှိမှာ ဖြစ်တယ်။ မန်ဘာအသစ်များလည်း လက်ဆောင် အသစ်တစ်ခု လက်ခံရရှိမှာ ဖြစ်တယ်။ အရင်တစ်ခါက လိုမျိုး ဆိုင်မှာ ဈေးဝယ်တဲ့ မည်သူမသို ကံစမ်းမဲ ပါဝင်ကံစမ်းခွင့်ရမှာ ဖြစ်တယ်။ အကြောင်း တိုက်ဆိုင်ရင် လျှပ်စစ်ပန်ကာ၊ သို့မဟုတ် ရေနွေးကရားမဲပေါက်သူ ဖြစ်လိမ့်မယ်။ လူတစ်ယောက်တောင်မှ စက်ဘီး မဲပေါက်သွားပြီ။ပထမဆုနဲ့ အထူးဆုကို ဘယ်သူ့မှ မပေါက်ကြသေးပေမယ့် ပေါက်သွားတဲ့ ဆုမဲတွေကို ကြည့်ရှုသူတွေ မနာလိုနေကြဆဲ ဖြစ်တယ်။


"အမေ၊ ခြင်္သေ့အကက အရမ်းအံ့သြဖို့ ကောင်းတာပဲ။ သားလည်း ကြီးလာရင် သင်ချင်တယ်။" ထျန်းပေါင်က ခြင်္သေ့အကရဲ့ ညို့ယူဖမ်းစားခံနေရဆဲ ဖြစ်တယ်။

ကျင်းကျင်းက ပူပေါင်းဖောက်ဖို့ စိတ်ထဲတွေးထားတယ်။ ရှုယန်က သူမကို ချီခေါ်လိုက်ပြီး သူမကြိုက်တဲ့ အလုံးကို ဖောက်ခိုင်းလိုက်တယ်။ ဆုကြီးတော့ မဟုတ်ပေမယ့် ရေနွေးကရား မဲပေါက်ခဲ့တယ်။

" မဆိုးပါဘူး။ ကြည့်...ဘာမဲမှ မပေါက်တဲ့သူတွေမှ အများကြီးပဲ။ သမီးရဲ့ ပထမဆုံးအကြိမ် ကြိုးစားမှုမှာတင် မဲပေါက်တယ်" ကျင်းကျင်း စိတ်ပျက်မှာ စိုးတာကြောင့် ရှုယန် သူမကို နှစ်သိမ့်လိုက်တယ်။

" Mmm" ရေနွေးကရားရတဲ့ ကျင်းကျင်းက အရမ်းပျော်ရွှင်နေပြီး ပစ္စည်းကို သဘောကျနေတယ်။

ရှုယန် ခဏလောက်ကြည့်နေခဲ့ပြီး ကျန်းဟွာရွှီကို ဦးဆောင်ခိုင်းခဲ့ကာ ဟူရွေ့ ရွှယ်နဲ့ အတူ ပြန်သွားလိုက်တယ်။

"စောစောက ဘာကိုဆိုလိုတာလဲ။ နင်ပြောတဲ့ 'ကောင်းတယ်' ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။"ဟူရွေ့ ရွှယ်ပြောတဲ့အရာမှာ ငုပ်နေတဲ့ အကြောင်းအရာရှိတယ်လို့ ခံစားရတယ်။

" ငါ ဆိုလိုတာက ချစ်ရေးဆိုသူ တစ်ယောက် ရှိတာ ကောင်းတယ်လို့ပါ။ နင်က တခြားတစ်ယောက်နဲ့ အတူရှိဖို့ အတွေး ဖွင့်ထားပုံပဲ။ ဖုန်ကျယ်ယွီ အကြောင်း သိပ်မသိပေမယ့် သူက တည်ကြည်ပြီး တာဝန်သိတက်သူ တစ်ယောက်ပါ။ သူ့အကြောင်းပိုသိလို့ နာစရာမရှိဘူး။" ဟူရွေ့ ရွှယ်ကတော့ ကိုယ်တိုင် အတွက် နောက်တစ်ယောက်ထပ် ရှာဖို့ ရည်ရွယ်ချက်မရှိဘူး။ ဒါပေမယ့် ရှုယန်ကို သူမလို ဖြစ်တာကို ကြိုက်တယ်လို့ မဆိုလိုဘူး။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now