456▫️457▫️458

806 114 0
                                    


အခန်း ( ၄၅၆ )

ကျင်းကျင်းနဲ့ ထျန်းပေါင်က ရှောင်ပေါင်ကို အရမ်းသဘောကျတယ်။နေ့တိုင်း အိမ်ပြန်လာတဲ့ အချိန် ပထမဆုံး လုပ်တာက ရှောင်ပေါင်ကို သွားတွေ့တာပဲ။ အထူးသဖြင့် ထျန်းပေါင်ပေါ့။ သိချင်စိတ်တွေ လျော့ကျသွားတာနဲ့ ထျန်းပေါင်က ရှောင်ပေါင်ကို ထပ်ဂရုစိုက်မှာ မဟုတ်တော့ဘူးလို့ ရှုယန် ထင်ခဲ့တယ်။

တကယ်တမ်းကျတော့ သူက သူ့ညီလေးကို အတော်လေး စိတ်ရှည်ပြီး သူငိုတဲ့အခါ တီတီတာတာ စကားတွေပြောပြီး စိတ်မရှည်ဖြစ်တဲ့ ပုံစံလုံးဝမရှိတာကို ပြသလိမ့်မယ်။

" ထျန်းပေါင်က အရမ်းကောင်းတဲ့ အစ်ကိုကြီးပဲ"အိမ်ရဲ့ လေထုက အရမ်းနှစ်သက်ပျော်ရွှင်ဖွယ်ရာ ကောင်းနေတယ်လို့ ဖုန်ကျယ်ယွီ ခံစားရတယ်။

"သူ ဒီလို ပြောင်းလဲ သွားလိမ့်မယ်လို့ မထင်ထားဘူး။ ထျန်းပေါင်ကို ငယ်ငယ်တည်းက သူ့အဘိုးအဘွားတွေက ပျိုးထောင်ခဲ့တော့ သူက အရမ်းပျက်စီးနေတာလေ။ ကျွန်မ ပထမဆုံး သူ့ကို ပြန်ခေါ်လာတဲ့အချိန်က သူ့အလိုမကျတိုင်း ကြမ်းပြင်ပေါ် လူးလိမ့်တော့တာပဲ။ အဲ့အပြုအမူကို ပြင်ဖို့ ကျွန်မ အချိန်တော်တော်ကြာကြာ ယူခဲ့ရတယ်။ သူ့အခု ဒီလို ကြီးပြင်းလာလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး။ " ရှုယန်အတော်လေး လုပ်ရကျိုး နပ်တယ်လို့ ခံစားရတယ်။

" လူတစ်ယောက်ရဲ့ သဘာဝက အမြဲကြင်နာတက်တယ်ဆိုတဲ့ ဆိုရိုးအတိုင်းပဲလေ။ ကလေးငယ်လေးတစ်ယောက်က ဘာသိမှာလဲ။ သူတို့ ပတ်ဝန်းကျင်က လူကြီးတွေဆီကပဲ သင်ယူကြတာ။" မိဘတွေက ကလေးတစ်ယောက်အတွက် အကောင်းဆုံး ဆရာဖြစ်တယ်လို့ ဖုန်ကျယ်ယွီ အမြဲတွေးခဲ့တယ်။

သူ အာလူးစားနေတဲ့ ရှုယန်ကို လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်တယ်။ "ဒါ ညစာအတွက် စားနေတာလား။ ညစာစားအုံးမှာလား"

" မဟုတ်ဘူး။ ကျွန်မ ညစာ နည်းနည်းစားအုံးမှာ။ ညစာမစားရင် နို့ရည်ထွက်မှာ မဟုတ်ဘူး။ ရှောင်ပေါင် နို့ဖြတ်မှပဲ ဓာတ်စာ ပြန်စားရမယ်။" ရှောင်ပေါင်က ၄ လ ပြည့်ခါနီးပြီ ဖြစ်တယ်။ သူ ခြောက်လအထိ မိခင်နို့ရည်တိုက်ဖို့ ရှုယန် စီစဉ်ထားတယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now