246▪️247▪️248

1.6K 257 12
                                    

အခန်း(၂၄၆)

နှစ်သစ်ကူးပြီးနောက် အရင်နှစ်က ပြီးသွားပြီလို့ ယူဆလို့ရတယ်။

နှစ်သစ်နှင့်အတူ ရှုယန်လည်း ကိုယ်တိုင် အတွက်ပန်းတိုင်သစ် ချမှတ်ခဲ့တယ်။ မနှစ်က သူမရဲ့ ပန်းတိုင်က ၃၃ ပေါင်ကျဖို့၊ Chloasma ကို ဖယ်ရှားပစ်ဖို့၊ အသားပိုဖြူလာဖို့၊ အသက် ၃၀ ပတ်ဝန်းကျင် အရွယ်ပုံပေါ်စေဖို့နဲ့ ယွမ် ၂ မီလီယံ စုဖို့ ဖြစ်တယ်။

***Chloasma သည်melasma သို့မဟုတ် "mask of pregnancy" ဟု လူသိများပြီး မျက်နှာနှင့် တခြားနေရောင်ခြည် ထိတွေ့သော နေရာများကို အဓိက ထိခိုက်စေသော အရေပြား အကွက်ထခြင်း ရောဂါမျိုး ဖြစ်သည်။***

၃၃ ပေါင်ကိုယ်အလေးချိန်ချမယ့် သူမရဲ့ ပန်းတိုင်က တချို့တလေ ရောက်ရှိပြီး ဖြစ်တယ်။ မူလ ၁၆၅ ပေါ်ကနေ ၁၁၇ ပေါင်ကို ကျသွားပြီး သူမ ပေါင် ၄၀ ကိုယ်အလေးချိန်ကျသွားသသည်။ သူမရဲ့ အရေပြား အကွက်ထခြင်းကလည်း ပျောက်သွားပြီး အသားရည်က နည်းနည်း ဖြူလာခဲ့တယ်။ လမ်းထဲ လမ်းလျှောက်သွားတဲ့အခါ သူမကို ဘယ်သူ့မှ အစ်မကြီးတစ်ယောက်လို မရည်ညွှန်းတော့ဘူး။ တကယ်တော့ သူမအသားရည်က ထိန်းသိမ်းဖို့ လိုနေဆဲဖြစ်တယ်။

နန်မြို့တော်သို့ သူမနဲ့အတူ ယွမ် ၂.၄၂ မီလီယံ ပါလာခဲ့တယ်။ သူမ အိမ်ဝယ်ခဲ့ပြီး၊ ဆိုင်ဖွင့်ခဲ့ပြီး၊ အမျိုးမျိုးသော နေရာတွေ ဝယ်ခဲ့ပြီး သူမမှာ ယွမ် ၁.၉၂ မီလီယံ ကျန်ခဲ့တယ်။ သူမရဲ့ ဆိုင်က ကောင်းကောင်း လည်ပတ်နေတာကြောင့် နှစ်ကုန်ကျတော့ ယွမ် ၂ မီလီယံ စုလို့ရခဲ့တယ်။ သူမ မသိတာက သူမ မျက်နှာသာဆိုင် ဝယ်လိုက်လိမ့်မယ်၊ လောင်ကျန်းနဲ့ ဟူရွှေ့ရွှယ်နဲ့ စီးပွားဖက်တွေ လုပ်လိမ့်မယ်၊ စုစုပေါင်း နောက်ထပ် ယွမ် ၁မီလီယံ သုံးလိုက်မိလိမ့်မယ်လို့ပဲ။ အဆုံးမှာတော့ သူမမှာ ယွမ် ၆၀၀,၀၀၀ကျန်ပြီး ၁ မီလီယံတောင် မဟုတ်တော့ဘူး။ ဒါပေမယ့် အားလုံးက ရင်းနှီးမြှုပ်နှံမှု အမျိုးအစားထဲ ရောက်သွားခဲ့တာ ဖြစ်တယ်။ နှစ်ကုန်တုန်းက လောင်ကျန်းဆီက အစုပေါ်အမြတ် ၁ မီလီယံ လက်ခံရရှိခဲ့တယ်။ဟူရွေ့ဘက် အနေနဲ့ကတော့ ပထမသုံးနှစ်အတွင်း အစုပေါ်အမြတ် မရှိဘူးလို့ သဘောတူထားခဲ့ပေမယ့် အဖိုးတန် ပိုင်ဆိုင်မှုကတော့ ရှိနေတယ်။ သူမရဲ့ အသားတင် ပိုင်ဆိုင်မှုကို ကြည့်လျှင် သူမက သန်းကြွယ်သူဋ္ဌေး ဖြင်နေပြီ။ ပြီးတော့ 1993 မှာ မီလီယံနာ ဖြစ်နေမယ်ဆိုရင် အရှုံး တစ်ခုခု မပေါ်သ၍ 2003မှာ ဘီလီယံနာ ဖြစ်လာလိမ့်မယ်။ 2013 ကျရင် ပင်စင်ယူဖို့ ပြဿနာ လုံးဝမရှိဘူး။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now