215▪️216▪️217

1.9K 237 2
                                    

အခန်း (၂၁၅) - ညစာစားချိန် နီးကပ်လာတာနဲ့ အမျှ ရှုယန် တံခါးရှေ့ကို ထပ်ကာထပ်ကာ လှမ်းကြည့်နေမိတယ် (1)

ဟူရွေ့ ရွှယ်က ဟိုးအစတည်းက ရောင်းဝယ်ရန် လုပ်ပိုင်ခွင့် လုပ်ဖို့ စဉ်းစားထားပြီး ဖြစ်ကာ ရှုယန်ရဲ့ အကြံလည်း ဖြစ်တယ်။ အဲ့ဒါကြောင့် အရေးကြီး ဖောက်သည်တွေ ရောက်လာချိန်မှာ သူတို့ကို စက်ရုံသို့ လှည့်ပတ်ပြပြီးနောက် တိုက်ရိုက်အရောင်းဆိုင်သို့ အမြဲ ခေါ်သွားခဲ့တယ်။

"ရှင်တို့ကုမ္ပဏီက ‌အနာဂတ်ကျရင်ရော ဒီလို ထသွားထလာ အဝတ်အစားတွေနဲ့ အတွင်း ခံတွေ ထုတ်လုပ် အုံးမှာလား"

"ဒါပေါ့ရှင်။ ကျွန်မတို့ ကိုယ်ပိုင် ဒီဇိုင်နာတွေနဲ့ ဒီဇိုင်းတွေအားလုံး ရှိပြီးပါပြီ။ အတွင်းခံထုတ်လုပ်မယ့် စက်ရုံက ကြိုတင်ပြင်ဆင်မှုအဆင့်တွေက အဆင်သင့်ဖြစ်နေပါပြီ။ ထုတ်လုပ်မှုကို မကြာခင် စတင်တော့မှာပါ။ ထသွားထလာ အဝတ်အစားအတွက်လည်း အတူတူပါပဲ"

သူတို့ လှည့်ပတ်ပြသနေစဉ်တွင်း တခြားကန်စတန်မာတွေက အခါအားလျော်စွာ ဖြည်းဖြည်းချင်း သွားကြလိမ့်မယ်။ တခြားအမျိုးသားများ ရှိနေတဲ့အတွက် အမျိုးသမီး အများစုဟာ အတွင် ခံကြည့်ဖို့ ရှက်နေကြပြီး ဆောင်းဦးရာသီဝတ် ဝတ်စုံ သို့မဟုတ် ညဝတ်အင်္ကျီဝယ်ပြီးတာနဲ့ ထွက်သွားကြတော့တယ်။

ကန်စတန်မာအများစုရဲ့ မျက်လုံးတွေကတော့ တလက်လက်တောက်ပနေကြတယ်။ သူတို့ နေရာကောင်းတစ်ခုကို ရှာနိုင်သ၍ ယန်ရွှယ်နဲ့ ရှင်းရွှယ် ဘရန်းတွေက အမြက် အစွန်းထွက်မှာ သေချာတယ်။

" ရောင်းဝယ်ရန် လုပ်ပိုင်ခွင့်မှာ ပါဝင်ဖို့နဲ့ပက်သက်ပြီး အသေးစိတ်အချက်အလက်တွေ ပိုသိချင်ပါတယ်။ကျွန်မတို့က ဘာအကူအညီနဲ့ ဘာထောက်ပံ့မှုမျိုးတွေ ရမှာလဲ" တစ်ယောက်ယောက်က မေးလိုက်တယ်။

"လောလောဆယ်တော့ ကျွန်မတို့က ရောင်းဝယ်ရန် လုပ်ပိုင်ခွင့်ပါတနာ ၅ဝ ပဲ ရှာနေတာပါ။ အဆင့် ၁က စကားပြော စွမ်းရည်ကို စစ်ဆေးမှာ ဖြစ်ပြီး အဆင့် ၂ က မြို့တွေကို စစ်ဆေးမှာပါ။ မျက်နှာသာဆိုင် အငှားစာချုပ် အတွက် သက်သေအထောက်အထားသိရဖို့ တောင်းဆိုမှာပါ။ ရှင်တို့မှာ ကိုယ်ပိုင် နေရာရှိရင်တော့ ပိုကောင်းတာပေါ့ရှင်။ ရောင်းဝယ်ရန် လုပ်ပိုင်ခွင့်ကို ပူပေါင်းခက ယွမ် ၁၀၀၀၀ ဖြစ်ပါတယ်။ရှင်တို့ ရောင်းဝယ်ရန် လုပ်ပိုင်ခွင့်ကို ချိတ်ဆက်ပြီးတာနဲ့ ကျွန်မတို့ ကုမ္ပဏီက ပြုပြင်မွမ်းမံခြင်း၊ ထုတ်ကုန်ခင်းကျင်းမှုနဲ့ ဝန်ထမ်းလေ့ကျင့်သင်ကြားပေးခြင်းမှာ ရှင်တို့ကို ကူညီပေးဖို့ အဖွဲ့တစ်ဖွဲ့ ရှိပါလိမ့်မယ်။"

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now