423▫️424▫️425

977 153 1
                                    


အခန်း (၄၂၃)

ရှုယန်က သူတို့ကို ရှယ်ယာတွေ ရောင်းမယ်လို့ ပြောတာကို ကြားတော့ သူတို့ အကြည့်ချင်း ဖလှယ်လိုက်ကြတယ်။

"မင်း ဘာလို့ ရုတ်တရက် နှုတ်ထွက်ချင်တာလဲ" ရှုယန် အခု ချမ်းသာတာ လောင်ကျန်းသိတယ်။ သူတို့ရဲ့ တစ်နှစ်စာ ဝင်ငွေကို သူမက ရက်အနည်းငယ်အတွင်း ရှာနိုင်ပေမယ့် သူတို့မှာ ငွေအများကြီးရှိတယ်လို့ ဘယ်သူက ညည်းညူမှာလဲ။ သူမက ဘာမှတောင် လုပ်စရာမလိုဘဲ ထိုင်နေရုံနဲ့ နှစ်တိုင်း အစု ပေါ်အမြတ် စုဆောင်းနိုင်တယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ဘာမကောင်းတာ ရှိလို့လဲ။

" ကုမ္ပဏီက ပိုပိုပြီး ကြီးထွားလာပြီ။ ကျွန်မမှာ တခြားကိစ္စတွေမှာ အားစိုက်ထုတ်ဖို့ တကယ်အချိန်မရှိလို့ပါ။ " ရှုယန် လက်မြှောက်ကာ စကားပြောနေရင်းမှ လောင်ကျန်းကို တားလိုက်တယ်။ သူမ ပြုံးပြီး သူတို့ကို ပြောလိုက်တယ်။" အလကားပေးမယ်လို့ ကျွန်မမပြောပါဘူး။ ရှင်တို့ ကျွန်မဆီက ဝယ်ရမယ်။"

သူတို့ ထိုင်ပြီး တွက်ချက်လိုက်တော့ ရှုယန်ရဲ့ ရှယ်ယာ 20% က ယွမ် ၅သိန်းထွက်လာတယ်။ ရှုယန်က လောင်ကျန်းနဲ့အတူ စာချုပ်မှာ လက်မှတ်ထိုးလိုက်ပြီး ငွေယူကာ အိမ်ပြန်သွားတော့တယ်။

သူမ အိမ်ရောက်တော့ ဧည့်ခန်းမှာ ထိုင်နေတဲ့ အဒေါ့်ကို မြင်လိုက်ရတယ်။ သူမရဲ့ အားလပ်ရက် မဟုတ်ဘူးလား။ ဘာကြောင့် ဒီမှာ ရှိနေတာလဲ။

" သူဌေးမ။ ငါ့သမီးက ပြောခဲ့တယ်... လခနှစ်ဆပေးတဲ့ အလုပ်တစ်ခု တွေ့လို့ ကျောင်းပိတ်ရက် အိမ်ပြန်မလာတော့ဘူးတဲ့။ နှစ်သစ်ကူး ပထမနေ့မှာ ပြန်လာမယ် ပြောပေမယ့် အခုထိ မတွေ့ရသေးဘူး။ ငါ သူမဆိုင်ကို ဖုန်းခေါ်ပြီး အလုပ်မှာလား မေးပေမယ့် သူမ အလုပ်မလာဘူးပြောတယ်။ ငါ စိတ်ပူလို့ ညတွင်းချင်း ပြန်လာခဲ့တာ" အဒေါ် ရှုယန်ကို မြင်တော့ လျှင်မြန်စွာ ပြောပြလိုက်တယ်။

"သူမကို ကျောင်းမှာ ရှာသေးလား" အဒေါ်က သူမသမီး ရှာဖို့ ဒီကိုရောက်လာမယ်လို့ ရှုယန် မမျှော်လင့်ထားဘူး။

" ရှာပြီးပြီ။ အဲ့မှာ မရှိဘူး။ သူမ အလုပ်နေရာကိုလည်း သွားခဲ့တယ်။ သူမကို ဘယ်သူ့မှ မမြင်မိဘူးတဲ့...။ သူမ တစ်ခုခုဖြစ်သွားတာ ဖြစ်နိုင်လား" အဒေါ်က နည်းနည်း ဗျာများနေကာ မေးလိုက်တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now