258▪️259▪️260

1.6K 230 1
                                    

အခန်း (၂၅၈)

နောက်တစ်နေ့မှာ ယင်ယင် အလုပ်ထွက်ခဲ့တယ်။ ရှုယန် သူမကို ပေးတဲ့ အဝတ်အစားနှစ်စုံကလွဲပြီး တခြားဘာမှ မယူသွားဘူး။

"ဒါက ငါ့ကို သိမ်းခိုင်းထားတဲ့ နင့်လစာ။ လုံခြုံတဲ့နေရာမှာ သေချာသိမ်းထား။ ရထားက အရမ်းအန္တရာယ်များတယ်။ ဘော့ကျန်းနဲ့ နီးနီးကပ်ကပ်လိုက်သွား။ ရောင်းဝယ်ရန် လုပ်ပိုင်ခွင့် ကုမ္ပဏီက တစ်ယောက်က နင့်ကို လေ့ကျင့်ဖို့ အရင် စီစဉ်ပေးလိမ့်မယ်။ အဆင်သင့်ဖြစ်တာနဲ့ တိုက်ရိုက်အရောင်းရုံးမှာ အလုပ်လုပ်ရလိမ့်မယ်။ ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင် လှည့်ပတ်ကြည့်ရှူဖို့ ရက်အနည်းငယ်လောက် သုံးလိုက်ပါ။ အလုပ်က ချက်ချင်း စလုပ်ဖို့မလိုဘူး။" ရှုယန် သူမ ကော်လံကို သပ်ရပ်အောင် လုပ်ပေးလိုက်တယ်။" ငါတို့မှာ အတော်လေး ဆင်တူတဲ့ အတွေ့အကြုံရှိတယ်။ငါတောင် ပြန်ရှင်သန်နိုင်တယ် ဆိုမှတော့ နင်လည်း လုပ်နိုင်တယ်။"

"အင်း၊ ကျွန်မ သေချာပေါက် လုပ်နိုင်မှာပါ။ သူဌေးမကို ဖုန်းခေါ်လို့ရမလား" ယင်ယင်က စိတ်အားထက်သန်တဲ့ မျက်ဝန်းတွေနဲ့ ရှုယန်ကို ကြည့်လိုက်တယ်။

" ဒါပေါ့ ခေါ်လို့ရတယ်" ယင်ယင်ကို သူမရဲ့ ညီမလေးလိုမျိုး အမြဲတွေးထားတယ်။

"ကျွန်မလေ အစ်မရှိတဲ့ တခြားသူတွေကို အမြဲ မနာလို အားကျမိပေမယ့် သူတို့ကို ထပ်ပြီး အားကျစရာ မလိုတော့ဘူး။ သူဋ္ဌေးမလို့ အစ်မတစ်ယောက်နဲ့ တွေ့ဆုံခွင့်ရတာ ကျွန်မ အရမ်းကံကောင်းပါတယ်။ ယန်မြို့တော်ရောက်ရင် ကျွန်မ အလုပ်ကြိုးစားမယ်။ တက်နိုင်သမျှ မြန်မြန် ဆိုင်မန်နေဂျာတစ်ယောက် ဖြစ်လာဖို့ ရည်ရွယ်ချက်ထားမယ်။ သူဌေးမ ဂုဏ်ယူစေရမယ်။ ကျွန်မမိဘနဲ့ ကျွန်မ အစ်ကို သူဋ္ဌေးမကို လာနှောက်ယှက်မှာကိုပဲ စိုးရိမ်မိတယ်။ ချုပ်တည်းထားစရာ မလိုဘူးနော် အစ်မ။ သူတို့ ရောက်လာရင် ရဲကိုသာ ဖုန်းဆက်လိုက်" ရှုယန် ပြဿနာထဲ ဆွဲသွင်းခံမှာကို ယင်ယင် အရမ်းစိတ်ပူမိတယ်။

"စိတ်မပူပါနဲ့။ သူတို့ မလာရဲပါဘူး"

ယင်ယင့် မိဘတွေက သူတို့ထက် အားနည်းသူတွေကိုပဲ ရွေးပြီး အနိုင်ကျင့်တက်တဲ့ လူမျိုးတွေ။ သူမ အစ်ကိုကလည်း သတ္တိရှိတဲ့သူ မဟုတ်ဘူး။ သူတို့အားလုံးက သူတို့ရဲ့ အိမ်ထဲမှာပဲ အနိုင်ကျင့်ကြတယ်။ သူတို့ ရောက်လာရဲရင် ရှုယန်သူတို့ကို တစ်ယောက်ယောက်နဲ့ သင်ခန်းစာ ပေးခိုင်းမယ်။ အနာဂတ်မှာ သူတို့ သူ့ကို ရှောင်ကွင်းသွားကြမှာ သေချာတယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now