280▪️281▪️282

1.5K 191 2
                                    


အခန်း (၂၈၀)

ဟူရွေ့ ရွှယ် တစ်ယောက် -တစ်ယောက် ချင်းသင်တဲ့ VIP အတန်းမှာ ရှုယန်ကို စာရင်းသွင်းပေးခဲ့တယ်။ သူတို့က လေ့ကျင့်ရေးနေရာကို တခြား သင်တန်းသားတွေနဲ့ ခွဲခြားထားတယ်။ အများစုက အပြင်ဘက်မှာ နေရာတစ်ခုတည်းကို မျှဝေကြတယ်။ ဒါပေမယ့် အတွင်းဘက်မှာတော့ အမိုးနဲ့အတူ သီးသန့် နေရာတစ်ခုရှိတယ်။ သူတို့ကို သဘာဝအရိပ်အယောင်တွေက ကာရံထားတယ်။

နည်းပြက အတော်လေး ဖော်ရွေတယ်။ သူက ရှုယန် အမှားလုပ်မိတဲ့အခါ ဘယ်တော့မှ အပြစ်မရှာဘူး။ ထိုအစား သူက စိတ်ရှည်လက်ရှည် ရှင်းပြလိမ့်မယ်။ ရှုယန် ကောလိပ်တက်တုန်းက ကားမောင်းလိုင်စင်ရခဲ့ပြီး တခြားသူ ၃-၄ ယောက်နဲ့ ကားမျှ မောင်းရတာဆိုတော့ တစ်နေ့လုံးမှ အကြိမ် နည်းနည်းပဲ မောင်းလို့ရတယ်။အချိန်အများစုက စောင့်နေရတာ ဖြစ်တယ်။ အခုတော့ သူမကိုယ်တိုင်ဖို့ ကားရှိလာပြီး တစ်နာရီအတွင်း နေ့တစ်ဝက်စာ လေ့ကျင့်လို့ ရနိုင်တယ်။

ဘာသာရပ် ၂သင်တာက ဒီခေတ်မှာ အနာဂတ်ကထက် ခက်မယ်လို့ ရှုယန် မမျှော်လင့်ထားခဲ့ဘူး။ 90 ခုနှစ်တွေမှာ ကားမောင်းသင်ရတာက ပိုလွယ်လိမ့်မယ်လို့ သူမ တွေးခဲ့ပေမယ့် ပါကင်ထိုး စစ်ဆေးခြင်းနဲ့တင် သူမ အခက်တွေ့နေပြီ။ ပြီးတော့ တစ်ဖက်သွားတံတားနဲ့ ချိုင့်ခွက်ထနေတဲ့လမ်း စစ်ဆေးမှုလည်း ရှိတယ်။ လမ်းရဲ့ အခြေအနက အရမ်းဆိုးတာကြောင့် ဖြစ်မယ်။ ရှုယန် အခုတော့ ကျွမ်းကျင်မှုစွမ်းရည်တွေ အားလုံး သင်ယူဖို့ လိုနေပြီ။ အနည်းဆုံးတော့ ကြိုးစားကြည့်ဖို့ ကိုယ့်ဘာကို ပြောလိုက်တယ်။

" မကြောက်နဲ့။ မင်း ကြောက်နေရင် ကားရပ်လိုက်ဖို့ လွယ်တယ်။ မင်းရဲ့ စစ်ဆေးမှုအတွင်း ငါက အဲ့မှာနေပြီး ပြောပေးမယ်။" နည်းပြက စိတ်ရှည်စွာ ပြောလိုက်တယ်။

ရှုယန် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး လက်တွေ့လေ့ကျင့်ဖို့ တိတ်တဆိတ် ပြန်လှည့်လိုက်တယ်။ နည်းပြက စစ်ဆေးခံသူနဲ့ နီးနီးနားနား ရှိရမယ့်အစား အခန်းဘက်ကို ထွက်သွားတယ်။ နည်းပြတစ်ယောက်အနေဖြင့် ဘာသာရပ် ၂ က လုပ်ငန်းစဉ်တစ်ခုလုံးရဲ့ အခက်ခဲဆုံးအပိုင်းဖြစ်တယ်။ တကယ့် လမ်းမှာ စစ်ဆေးတာက အရမ်းလွယ်ကူတယ်။ သူမ မီးပွိုင့် တစ်ခုကို ကျော်နိုင်သ၍ အဆင်ပြေတယ်လို့ ပြောလို့ရတယ်။

တကယ်တော့ ဘာသာရပ် ၂ က လုံးဝတော့ အဆိုးကြီး မဟုတ်။ ဒီဘက်ခေတ်မှာ လေဆာ မရှိတော့ စစ်ဆေးခံသူက စည်းကမ်းဖောက်မိရင်တောင် နည်းနည်းတော့ ချိုးဖောက်လို့ရတယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now