338▫️339▫️340

1.3K 191 1
                                    


အခန်း (၃၃၈)

ကျေးရွာအဖွဲ့ဝင်အတွင်းရေးမှူးနဲ့ ကျေးရွာ ဒါရိုက်တာ အပါအဝင် ရွာသူရွာသားအားလုံးရဲ့ သဘောထားက ရှုယန်ဘက်ကို ချက်ချင်း ပြောင်းသွားကြတယ်။ရှူယိုဖူနဲ့ လင်းဇီရှန်း
က ရှုယန်ကို ဘာပဲလုပ်ခဲ့လုပ်ခဲ့ သူတို့က ဖြတ်လျှောက်တွေ ဖြစ်ခဲ့ကြတယ်။ အဆုံးမှာတော့ ဒါတွေက သူတို့မိသားစု ကိစ္စလေ။ အခု ရှုယန်က ရွာအတွက် ဒီလို အကူအညီကြီး ပေးခဲ့တော့ ရှုယန်ကို ကူညီဖို့က သူတို့အတွက် သဘာဝကျပါတယ်။

ရှုကျန့်ယန်က ရှုယန် စောစောက ပြောခဲ့တဲ့ သဘောတူစာချုပ်ကို ဆွဲထုတ်လိုက်ပြီး ကျေးရွာ အဖွဲ့ဝင် အတွင်းရေးမှူးက ရှုယိုဖူနဲ့ တခြားသူတွေရှေ့မှာ အဲ့ဒါကို ဖတ်လိုက်တယ်။

"မင်းတို့ အခု နားလည်ပြီလား" ရှုယန်က တကယ့်ကို ကလေးလိမ္မာ တစ်ယောက်လို့ ကျေးရွာ အဖွဲ့ဝင်အတွင်းရေးမှူး ခံစားရတယ်။ အိမ်မှာ အစ်ကို၊မောင်တွေ ဒီလောက် အများကြီးရှိတဲ့ သမီး တစ်ယောက်အနေနဲ့ မိဘတွေ အသက်ကြီးလာချိန်မှာ ထောက်ပံ့ဖို့က သူမ တာဝန် မဖြစ်သင့်ဘူး။

" သူမက ဘာကိုဆိုလိုတာလဲ။ ငါတို့ အသက်ကြီးလာရင် မထောက်ပံ့တော့ဘူးလား။" လင်းဇီရှန်း နားမလည်တော့ဘူး။

"မင်း အသက်ကြီးလာရင် မထောက်ပံ့တော့ဘူးလားဆိုတာ ဘာကို ဆိုလိုတာလဲ။ မင်းရဲ့သား သုံးယောက်လိုမျိုး တူညီ ပမာဏကို ထောက်ပံ့ပါ့မယ်လို့ အသေးစိတ်ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ် မဟုတ်လား။ မင်းရဲ့ သားသုံးယောက်ကို ရှုကျန့်ယန်နဲ့ စကားပြောခိုင်းလိုက်ပါ။တစ်နှစ်ကို အချိုး ဘယ်လောက်နဲ့ ငွေဘယ်လောက် သူတို့ ထောက်ပံ့မလဲ။ သူမလည်း တန်းတူထောက်ပံ့လိမ့်မယ်။ သမီးတစ်ယောက်အတွက် အဲ့ဒါက များနေပြီ။ မင်း ငါတို့ ပတ်ပတ်လည်က ရွာတွေအားလုံးကို မေးကြည့်လို့ရတယ်။ ဘယ်သမီးကများ သားတွေ ဖြည့်ဆည်းပေးသလောက် ဖြည့်ဆည်းပေးလို့လဲ။"

"ဒါက မတူဘူးလေ။ " တခြားအမျိုးသမီးတွေက အဲ့လောက် ငွေအများကြီး ရှိလို့လား။

" ဘယ်လိုလုပ် မတူတာလဲ" ကျေးရွာ အဖွဲ့ဝင် အတွင်းရေးမှူးက မျက်လုံးလှိမ့်လိုက်တယ်။" မင်း ငါ့ကိုသာ မေးမယ်ဆိုရင် မင်း အသက်ကြီးလာတဲ့အချိန် ရှုယန်က ထောက်ပံ့ဖို့ လုံးဝတာဝန်မရှိဘူး။ သူမ အသက် ၁၇ နှစ်က လက်ထပ်သွားခဲ့တယ်။ မင်းတို့က သူမရဲ့ သတို့သမီး စရိတ်တွေအားလုံး ယူသွားခဲ့တယ်လေ။ သူမကို ဘာသတို့သမီး စရိတ်မှ မပေးခဲ့ဘူး။ သူမ မင်းတို့ရဲ့ လယ်တွေ၊ အိမ်တွေကို ခွဲတမ်း ရခဲ့လို့လား။ မင်းဆီက စကားထပ်ထွက်လာရင် ဒီခွဲတမ်းကျ ထောက်ပံ့မှုကိုလည်း မေ့လိုက်တော့။"

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now