365▫️366▫️367

1.1K 170 0
                                    


အခန်း (၃၆၅)

နန်မြို့တော်က ပင်လယ်ဘက်နဲ့ သိပ်မဝေးဘူး။ ရှုယန်က လူသိများတဲ့ဘက်သို့ သွားမယ့်အစား တံငါရွာ တစ်ရွာကို ရွေးချယ်လိုက်တယ်။ ဒီရွာက အတိတ်တုန်းက သူမလုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ယောက်ရဲ့ ဇာတိမြို့ဖြစ်တယ်။ရှုခင်းလှပပြီး လူတွေကလည်း ရိုးရှင်းကာ သဘောကောင်းကြတယ်။

အခု အချိန်က ခရီးသွားလုပ်ငန်း သိပ်မကြီးသေးဘူး။ ရှိတယ်ဆိုရင်တောင် လူသိများသောနေရာ အနည်းအကျည်းသာရှိတယ်။ ဒီလိုမျိုး သေးငယ်တဲ့ တံငါမြို့လေးကို လာရောက် လည်ပတ်သူ မရှိသလောက်ပဲ။ ရှုယန်တို့ ရောက်ရှိတဲ့အချိန်မှာ ကလေး အများစုက သူတို့ကို စပ်စပ်စုစု ကြည့်လာကြတယ်။

ဖုန်ကျယ်ယွီက ထျန်းပေါင်ကို ချီထားပြီး ရှုယန်က ကျင်းကျင်းလက်ကို ဆွဲထားတယ်။ သူတို့တွေ ရွာလူကြီးအိမ်ကို လျှောက်သွားကြတယ်။

"မင်း အားလပ်ရက်ခရီးထွက်မယ်ပြောတာ ဒီနေရာလား" ဒါက ပထမဆုံးပဲ။ မြို့တော်ကြီးလို၊ နန်မြို့တော်လို မြို့ကြီးတွေကို ရွေးမယ့် အား ဘယ်သူက တံငါရွာလေးကို ရွေးမှာလဲ။

" ကျွန်မတို့ဆီက ကုန်းတွင်းပိုင်းလေ။ ကျွန်မကလေးတွေက ပင်လယ် တစ်ခါမှ မမြင်ဖူးလို့ ဒီကို ခေါ်လာမယ်လို့ တွေးလိုက်တာ။ အရင်တုန်းက ဒီနားမှာနေတဲ့ တစ်ယောက်ယောက်နဲ့ သိခဲ့တယ်။ ဒီရွာက ရှုခင်းကောင်းပြီး ဒေသခံတွေကလည်း အရမ်း ဖော်ရွေတယ်တဲ့။ ဒါကြောင့် ကျောင်းပိတ်တုန်း ကျွန်မကလေးတွေကို ဒီကို ခေါ်လာတာ" အခု အခြေအနေက နောက်အနှစ်သုံးဆယ်လောက်ကလို မကောင်းနိုင်ပေမယ့် ဒါက အစစ်အမှန် မြင်ကွင်းဖြစ်တယ်။

"အိုး ကောင်းပြီ။ မင်းသူငယ်ချင်းက ဒီမှာ နေတာလား....." ဒီမှာ ခရီးသွားတွေ ရှိနေခြင်းက သူတို့ရဲ့ ရေနဲ့ လူတွေက ကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး ကောင်းမွန်တဲ့ ခံစားချက်ဖြစ်စေတယ်။ သူတို့ ငြင်းစရာ အကြောင်းပြချက်မရှိဘူး။

" ကျွန်မသူငယ်ချင်းနဲ့ အဆက်အသွယ်မရှိတာကြာပြီ။ သူမက ဒီနေရာနဲ့ ခပ်ဝေးဝေးမှာနေတာ။ ဒါကြောင့် ကျွန်မတို့ ဒီမှာ တစ်ည ဆယ်ယွမ်နဲ့ တစ်ယောက်ယောက်ဆီက အခန်းငှားလို့ ရမလား ကြည့်ချင်တယ်။ အစားအသောက်အတွက်တော့ ပိုပေးရလိမ့်မယ်။" ရှုယန်က ဒီပတ်ဝန်းကျင်မှာ သူငယ်ချင်း မရှိဘူး။ သူမ ချက်ချင်းပြင်ဆင်ခဲ့ရုံပဲ။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now