101▪️102

2.7K 409 12
                                    

အခန်း ( 101 ) - ဦးဆုံး ဖောက်သည် (4)

ရှုယန်က အဝတ်လဲခန်းဆီသို့ ဝဝကစ်ကစ် မိန်းကလေးကို ကျော်ကာ လျှောက်သွားခဲ့ပြီး အသားဖြူဖြူ မိန်းကလေးကလည်း အဝတ်လဲခန်းမှ ထွက်လာခဲ့တယ်။ သူမခန္ဓာကိုယ်က တင်နေရာတင်၊ရင်နေရာ ရင်နဲ့ အတော်လေး အချိုးကျ နေတယ်။သူမက သိုးမွှေး ဂါဝန်နဲ့ နည်းနည်းတောင်မှ ညို့အား ပြင်းပုံပေါ်နေတယ်။

" ကြည့်ရဆိုးနေလား" သူမ တော်တော်လေးကြိုက်ပေမယ့် အရမ်းထင်းနေမှာလည်း စိုးတယ်။

"ဘာကြောင့်ကြည့်ရဆိုးရမှာလဲ? ဒီနေ့ခေတ်မှာ လူတော်တော်များများ သိုင်းကြိုးခါးပတ်နဲ့ ကွက်ကိ ကျတဲ့ ဘောင်းဘီကို တွဲဝတ်ကျတာပဲ။  နှိုင်းယှဉ်ကြည့်မယ် ဆိုရင် ဒါက ပိုပြီး ရှေးဆန်ပါတယ်။" ရှုယန်က သူမကို စက်ဝိုင်းဝိုင်းပြပြီး (Ok ) ပြောလိုက်တယ်။"ကျွန်မမှာသာ ကိုယ်လုံးကိုယ်ပေါက် ရှိတယ်ဆိုရင် ကျွန်မ ဒါမျိုး နေ့တိုင်း ဝတ်မှာ "

ဒါပေါ့ ချီးမွမ်းမှုက မိန်းကလေးကို ပျော်ရွှင်သွားစေတယ်။ ဒါ့အပြင် သူမက ဝတ်ကြည့်ပြီး အရမ်းကြိုက်နေခဲ့တာလေ။ လေကာအင်္ကျီပါ ထပ်ဝတ်ပြီးနောက် သူမ ချက်ချင်းပဲ ပိုပြီး အရည်အချင်းရှိ ပုံပေါ်သွားတယ်။ပြီးနောက် သူမ ဂျင်းဂျာကင်ကို စမ်းဝတ်ကြည့်လိုက်တော့ ရုတ်တရက် အရမ်းခေတ်ဆန်သွားတယ်။ အဖြူရောင် ဖောင်းကြွ ဂျာကင်က သူမကို ချက်ချင်း သိမ်မွေ့ကျိုးနွံပုံ ပေါ်သွားစေတယ်။မတူညီတဲ့ ဂျာကင်များက မတူကွဲပြားတဲ့ စတိုင် သုံးမျိုးကို ပေးစွမ်းခဲ့ပြီး သူမ အဲ့ဒါတွေအားလုံးကို ကြိုက်မိသွားတယ်။ ဂျာကင်တွေကို ကိုင်ထားတဲ့ မိန်းကလေးက တစ်ထည်ကို ချန်ထားဖို့ ဆုံးဖြတ်လိုက်ရင် နောင်တရလိမ့်မယ်လို့ ခံစားနေရတယ်။

" ဈေးက ဘယ်လောက်လဲ" သူမ အရင်ဆုံးဈေး မေးကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အရမ်းကြီး ဈေးမကြီးနေရင် အားလုံး ဝယ်ပစ်မယ်။

"သိုးမွှေး ဂါဝန်က ဒေါ်လာ ၂၀၊ ဂျင်းဂျာကင်က ၃၅ ဒေါ်လာ၊ လေကာ အင်္ကျီက ၅၈ ဒေါ်လာ ဖောင်းကြွ ဂျာကင်က ၆၈ ဒေါ်လာပါ။ ကျွန်မတို့မှာ ငါးခုဝယ် တစ်ခုရ ပရိုမိုးရှင်း ရှိပါတယ်။ ရှင်က စုစုပေါင်း  ငါးထည်ဝယ်ရင် အဲ့ထဲက တစ်ထည်ကို ဖရီးရမှာပါ။ ဒါကြောင့်မို့ ရှင့်မှာငါးထည်ရှိရင် လေးထည်အတွက်ပဲ ပေးချေးရမှာပါ။ ဒေါ်လာ ၁၀၀ အပြည့်၀ယ်ရင် 10 ဒေါ်လာလျှော့စျေး ၊ ဒေါ်လာ 200 အပြည့်၀ယ်ရင် 20ဒေါ်လာလျှော့ဈေး၊ ဒေါ်လာ ၃၀၀ အပြည့်၀ယ်ရင် ဒေါ်လာ ၃၀ လျှော့စျေးကိုလည်း ပျော်ရွှင်ခံစားနိုင်မှာပါ။ပရိုမိုးရှင်း အများကြီးကို ရှင် အကျိုးကျေးဇူး ရယူနိုင်မှာပါ။"


သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now