249▪️250▪️251

1.7K 234 1
                                    

အခန်း (၂၄၉)

ကောင်းတာပေါ့။ သူမ အိမ်ပြန်ခရီး မထွက်ချင်ဘူး။ ရှုယန် ဖုန်ကျယ်ယွီကို ချက်ချင်း ဖုန်းခေါ်မလိုက်ခင် သူမ ခရီးမသွားတော့ဘူးလို့ အဒေါ့်ကို အရင်ပြောလိုက်တယ်။

" ကံကောင်းလို့ သူ အဆင်ပြေတယ်တဲ့။ အဲ့ဒါကြောင့် ကျွန်မ ခရီးသွားဖို့ မလိုတော့ဘူး။ ကျွန်မရဲ့ ဝမ်း ကဲ ကနေ သူတို့ကို ယွမ် ၁၀၀၀ ပေးခိုင်းပြီးပြီဆိုတော့ သူကြိုက်တာ ဘာဖြစ်ဖြစ် ဝယ်နိုင် စားနိုင်ပြီ" ကျန်တာကိုတော့ သားသုံးယောက်က ဂရုစိုက်လို့ရတယ်။ သူတို့ မိဘတွေက သူတို့သုံးယောက်ရဲ့ အိမ်၊ မင်္ဂလာပွဲအတွက် စရိတ်ပေးခဲ့ပြီး သူတို့ရဲ့ကလေးတွေကိုလည်း ကြည့်ရှု စောင့်ရှောက်ပေးပြီးပြီ။ အဲ့ဒီတော့ ဆေးရုံစရိတ် ကာမိဖို့ ပိုက်ဆံတော့ သူတို့ ရှာရမှာပေါ့။

" အားလုံး အဆင်ပြေတယ်လို့ ကြားရတာ ဝမ်းသာပါတယ်။"ဖုန်ကျယ်ယွီတစ်ယောက် နောင်တရမှု အရိပ်အမြွတ်ဖြတ်ပြေးသွားပေမယ့် အဲ့လို ခံစားမိတဲ့ သူ့ကိုသူ ချက်ချင်းပဲ ဖြစ်တင်ဝေဖန်လိုက်တယ်။

ဖုန်းချပြီးနောက် ရှုယန် ထုတ်ပိုးထားတဲ့ အဝတ်အစားတွေကို ပြန်ထုတ်ပြီး သက်ဆိုင်ရာနေရာမှာ ပြန်ထားလိုက်တယ်။ သူမ မူလပိုင်ရှင် မိဘတွေရဲ့ မိန်းကလေးတွေထက် ယောက်ျားတွေက ပိုကောင်းတယ်ဆိုတဲ့ အပြင်းအထန် ယုံကြည်မှုကို မကြိုက်ပေမယ့် အဆုံးမှာတော့ သူတို့က မူလပိုင်ရှင် မိဘတွေ ဖြစ်တယ်။ သူတို့ ကျန်းမာပြီး ရှင်သန်နေတာက အကောင်းဆုံး ဖြစ်တယ်။

ဒီဖြစ်ရပ်လေးက သူမရဲ့တစ်နေ့တာကို ကုန်သွားစေတယ်။ ရှုယန် နောက်နေ့ ရုံးကို သွားတဲ့အချိန် ဟူရွေ့ ရွှယ်မေးလိုက်တယ်။ မနေ့ညက ငါတို့ရဲ့ နှစ်သစ်ကူးပါတီကို ဘယ်လိုလုပ်မလာရတာလဲ။ အစီအစဉ်တွေက အံ့ဖွယ်ကောင်းပြီး ဆုတွေလည်း အများကြီးရှိတယ်။လွတ်သွားတာ ရှက်စရာကြီး "

"ပြောမနေပါနဲ့ ဟယ်။ ငါ့အဖေ အုတ်ကြွပ်ပြားတက်ပြင်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျလို့။ သူ အရေးပေါ်ခန်းထဲ လေး၊ငါးနာရီလောက် ဝင်ခဲ့ရတယ်။ ငါက အပြန်ခရီးအတွက် ထုတ်ပိုးပြီးမှ ငါ့ဝမ်းကွဲက သူတည်ငြိမ်တယ်ပြောလို့ ငါမသွားတော့တာ။" ရှုယန်က ပင်ပန်းနေပုံနဲ့ သူမ နားထင်ကို ပွတ်သပ်လိုက်တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now