371▫️372▫️373

1.1K 167 0
                                    


အခန်း(၃၇၁)

ဟူရွေ့ရွှယ်က ဒီတစ်ခါသွားတာ လဝက်ကြာပြီး ပြန်မလာခဲ့သလို သူမ မိသားစုကိုလည်း ဖုန်းမခေါ်ခဲ့ဘူး။ ဟူမိသားစုက စိတ်ပူလို့ ကုမ္ပဏီကို ဖုန်းခေါ်ခဲ့တယ်။

"သူမ ကျွန်မကို ဖုန်းခေါ်ပါတယ်။ ဟုတ်တယ်။ မနေ့ကတင်ပါ။ ကျွမ်းကျင်သူတွေက တကယ်တော်ကြပြီး ရက်အနည်းငယ်ကြာပြီးတော့ သော်သော်ရဲ့ ရလဒ်ကို စမြင်နေရပြီ ပြောတယ်။ ဟုတ်ကဲ့ ရွေ့ရွှယ်က ရက်နည်းနည်းလောက်ထပ်နေအုံးမယ် ပြောတယ်။ စိတ်မပူပါနဲ့ အန်တီ။ သူမလနောက်တစ်ခါ ဖုန်းခေါ်ရင် အန်တီဆီ ခေါ်ဖို့ ပြောလိုက်ပါ့မယ်။ အင်း...ကောင်းပါပြီ ဘိုင့်ဘိုင်"ရှုယန် ဖုန်းချပြီးနောက် ဟူရွေ့ရွှယ်ကို ဖုန်းခေါ်လိုက်တယ်။

"နင် တကယ် နင့်အဖေနဲ့ အမေကို ဖုန်းမခေါ်တော့ဘူးလား။ နင့်အမေက နင့်ကို တကယ်စိုးရိမ်နေတာ ငါပြောနိုင်တယ်။"

"မခေါ်ဘူး။ ငါ အကြောင်းပြချက် နှစ်ခုအတွက် ထွက်လာတာ။ တစ်ခုက သော်သော်အတွက်၊ နောက်တစ်ခုက သူတို့ စိတ်ငြိမ်အောင်လို့။ " သူမက သေချာ စကားထိုင်ပြောဖို့ ကြိုးစားပေမယ့် သူတို့က နားမထောင်ကြဘူး။ သူတို့က သူ့မစိတ်ထဲ ရှုပ်ထွေးမနေဖို့ပဲ အတင်းတိုက်တွန်းကြတယ်။အဲ့ဒါကို သူမ နားလည်ပေမယ့် အချစ်ဆိုတာက ဖိအားပေးလို့ရတဲ့ အရာတစ်ခု မဟုတ်ဘူး။

" လဝက်ရှိပြီလေ။ အဲ့လောက်ဆို လုံလောက်ပါပြီ။ အန်တီ ငါ့ကို ဖုန်းခေါ်ပြီးပြီ။ နင်သာ သူတို့နဲ့ ထပ်ပြောကြည့်ရင် သူတို့ နင့်ကို ဖိအားပေးတော့မှာ မဟုတ်တော့ဘူး။"

နောက်တစ်ပတ်ကြာပြီးနောက်မှာတော့ သော်သော် နဲ့ အတူ ဟူရွေ့ ရွှယ် ပြန်ရောက်လာတယ်။ သူမမျှော်လင့်ထားသလိုပဲ သူမမိသားစုက သူမကို အိမ်ထောင်ပြုဖို့ တွန်းအားပေးတာကို ရပ်လိုက်တယ်။အမေဟူက သင်ခန်းစာရသွားပြီး ဟူရွေ့ ရွှယ်ကြိုက်သလို လုပ်ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်တယ်။

ဟူရွေ့ရွှယ် အတွက်တော့ ကျီဖန်ရှန်းကို ငြင်းလိုက်တော့ အလုပ်မှာ အနှောက်အယှက်လျှော့ပါးသွားတယ်။

"နောက်ဆုံးတော့ တိတ်ဆိတ်ငြိမ်းချမ်းသွားပြီ" ဟူရွေ့ ရွှယ် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။ "ကျီဖန်ရှန်း ဘယ်လောက်ဆိုးလဲ နင်မသိပါဘူး။ သူက ငါ့အဖေနဲ့ အမေကို သိမ်းသွင်းစည်းရုံး ရုံတင်မကဘူး။ ငါ့(အဖေ) ဘက်က အဘွားနဲ့ ငါ့အမေဘက်က အဘိုး၊အဘွား၊ ငါ့အဒေါ်တွေ ငါ့ဝမ်းကွဲတွေကိုလည်း စည်းရုံးခဲ့တယ်။ အားလုံးက သူ့ဘက်မှာ ချည်းပဲ။  ငါကသာ သူ့ကို လက်မခံရင် ဒုစရိုက်မှုတစ်ခုခု ပြုမိသလိုမျိုး၊ ငါ့လက်ကျန်ဘဝ တစ်လျှောက်လုံး နောင်တရတော့ မလိုမျိုး သူတို့က ပြောနေကြတာ။ "

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now