441▫️442▫️443

899 131 2
                                    


အခန်း (၄၄၁)

မင်္ဂလာဝတ်စုံက ကမ္ဘာကျော် ဒီဇိုင်နာနဲ့ ရှုယန်အတွက် အထူးချုပ်လုပ်ပေးထားတာဖြစ်ပြီး စတိုင်လစ်က ရှုယန် ဆံပင်ကို ပြင်ပေးခဲ့တယ်။ရှုယန်က ဝတ်စုံနဲ့ လိုက်ဖက်တဲ့ သရဖူစောင်းပြီး လျှောက် ထွက်လာတဲ့အချိန်မှာ ဟူရွေ့ရွယ်ရော ဖုန်းကျယ်ယွီပါ မှင်သက်ငေးမော သွားကြတယ်။

" အရမ်းလှတယ်" ဟူရွေ့ရွှယ်က သူမကို အပေါ်အောက် ကြည့်လိုက်တယ်။" တစ်ခုခု လိုနေသလိုပဲ။ အာ ဟုတ်တယ်။ လက်ဝတ်ရတနာတွေရော ... ဘာလို့ ဘာမှမဝတ်တာလဲ"

ရှုယန် ဖုန်ကျယ်ယွီကို ကြည့်လိုက်ပြီး သူ့ကို ရှင်းပြခိုင်းလိုက်တယ်။

အဆုံးမှာတော့ ဒါက ဘဝရဲ့အဓိကပွဲဖြစ်ပြီး ဟူရွေ့ရွှယ် စီစဉ်ပေးသလောက် ဖုန်ကျယ်ယွီကလည်း ရှုယန်ရဲ့ လက်ဝတ်ရတနာကိစ္စကို စီစဉ်ပေးချင်ဆဲ ဖြစ်တယ်။

လက်ကောက်ကနေ လည်ဆွဲအထိ ဒီဇိုင်နာမပါဝင်ပဲ ဖုန်ကျယ်ယွီက အားလုံးဒီဇိုင်းထုတ်ထားတာဖြစ်တယ်။ ဒီဇိုင်းတွေက ရိုးရှင်းပေမယ့် သူမအတွက် သူ့ရဲ့ အချစ်တွေနဲ့ ပြည့်နေတယ်။

ဟူရွေ့ ရွှယ်က သူ့ရဲ့ ရှင်းပြချက်ကို ခေါင်းညိတ်လိုက်တယ်။ သူ မှန်တယ်။သူမ ဘောင်ကျော်သွားခဲ့တယ်။ ရှုယန်ဝတ်ထားတဲ့ မင်္ဂလာဝတ်စုံကို ကြည့်ရင်း သူမ တုံ့ဆိုင်းဆိုင်း မေးလိုက်တယ်။" မင်္ဂလာဝတ်စုံ ကရော "

" ငါ မင်္ဂလာဝတ်စုံကို အများကြီး ကြိုက်ပါတယ်။ ဒါပေမယ့် ဧည့်ခံပွဲအတွင်းဝတ်မယ့်  လက်ဝတ်ရတနာတွေနဲလိုက်ဖက်တဲ့ ဒီဇိုင်း ထုတ်ထားတယ်။အားလုံး ငါကိုယ်တိုင် လုပ်ထားတာ။ နင် ကြည့်ချင်လား"

ဖုန်ကျယ်ယွီ ဒီဇိုင်းဆွဲနေတာကို မြင်တဲ့ အချိန်မှာ ရှုယန် တရွရွ ဖြစ်သွားတယ်။ တခြားသူရဲ့ မျက်လုံးထဲမှာ ဒါက သူမရဲ့ ဒုတိယအကြိမ် လက်ထပ်မှု ဖြစ်ပေမယ့် နှစ်ဘဝလုံးမှာ ဒါက သူမရဲ့ ပထမဆုံး မင်္ဂလာပွဲ ဖြစ်တယ်။ သူမ မင်္ဂလာပ‌ွဲက သူမအတွက် အရမ်း‌အရေးပါပါတယ်။

သူမအတွက် ဝတ်စုံကို ကမ္ဘာကျော် ဒီဇိုင်နာတစ်ယောက်က လုပ်ပေးတာ မို့လို့ သူမ ဘာမှ ဝင်မစွက်ဖက်တာ ပိုကောင်းပါတယ်။ ဒါပေမယ့် သူမက  အခမ်းအနားပွဲ အတွက် ဒီဇိုင်း ဆွဲနိုင်တာပဲ။ အမှန်အတိုင်းပြောရရင် သိပ်ကောင်းကောင်းကန်းကန်း ဒီဇိုင်းတော့ မဟုတ်ပေမယ့် ဒီဇိုင်းထဲမှာ သူမ အရင်က မြင်ဖူး၊ ကြိုက်ဖူးတဲ့ ထူးခြားတဲ့လက္ခဏာတွေ အားလုံး ပေါင်းထည့်ထားတယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now