194▪️195▪️196

2K 277 1
                                    

အခန်း (၁၉၄) - "ရှုယန်က ညီမလေး သူငယ်ချင်းပဲ၊အဲ့ဒါက ပြောင်းလဲမှာ မဟုတ်ဘူး" (2)

"နေပါစေရှင်" ရှုယန် လျှင်မြန်စွာ ခေါင်းခါလိုက်တယ်။ ဘာကြောင့် သူမက ချမ်းသာတဲ့ မိသားစုရဲ့ ပွဲကို တက်ချင်ရမှာလဲ။ တခြားသူတွေ သူမကို ကြည့်နိုင်အောင်လို့လား။ ချမ်းသာတဲ့ လူတွေနဲ့ ဘယ်တော့မှ မိတ်ဖွဲ့ဖို့ ရည်ရွယ်ချက် မရှိတာကြောင့် ထိုကဲ့သို့ သူတို့ ပွဲကို တက်ရောက်တာတွေ ဘာတွေကို စိတ်မဝင်စားဘူး။ "ကျွန်မ မျက်နှာကို ကြည့်လေ။ ကျွန်မက အခု အိမ်ကတောင် ထွက်ချင်တာမဟုတ်ဘူး၊ ပွဲတော့ မတက်ချင်ပါဘူးရှင်။"

ဟူရွေ့ယန်က သူမမျက်နှာကို အခုမှ သတိထားမိပုံပေါ်တယ်။"အဲ့ဒါက ဘာဖြစ်တာလဲ။"

"ထွေထွေ ထူးထူးတော့ မဟုတ်ပါဘူး။ ကျွန်မမျက်နှာက အစက်အပြောက်တွေကို လေဆာနဲ့ ဖယ်ခဲ့တာ။ တခြားဘာကိစ္စမှ မရှိရင် ကျွန်မ အပြင်ထွက်ဖြစ်မှာ မဟုတ်ဘူး။ ကျွန်မ ကလေးတွေကို သွားကြိုရအုံးမယ်" ရှုယန် ဟူရွေ့ယန်နဲ့ ဆက်စကားမပြောဖို့ အစီအစဉ်မရှိဘူး။ အရမ်း ပင်ပန်းလွန်းတယ်။

ဟူရွှေ့ရွှယ်က ရှုယန်ကို ညစာစားတဲ့အထိ နေဖို့ ပြောလေ့ရှိပေမယ့် ဒီနေတော့ သူမ မလုပ်ခဲ့ဘူး။ သူမ ရှုယန်ကို ဓာတ်လှေကားဆီကိုပဲ လမ်းလျှောက် ပို့ ပေးလိုက်တယ်။

"ငါတောင်းပန်ပါတယ်။ ငါ့ကိုကြီးက အမြဲတော့ ဒီလို မဟုတ်ပါဘူး။ သူက ငါ့ကိစ္စတွေဆိုရင် တစ်ခါတစ်လေ လွန်လွန်ကဲကဲ တုန့်ပြန်တက်တာ " ဟူရွေ့ ရွှယ် တောင်းပန်စကားပြောလိုက်တယ်။

"အဆင်ပြေပါတယ်။ နင်ကနင် သူက သူပဲ။ ငါက နင်နဲ့ ဆက်မိတ်ဖွဲ့ပြီး စီးပွားရေးလည်း ဆက်လုပ်သွားမှာပါ။" ရှုယန်ရဲ့ သွယ်ဝိုက်သော အဓိပ္ပါယ်မှာ သူမက ဟူရွေ့ယန်ရဲ့ စုံစမ်းမှုကို သိနေခဲ့ပြီး သူ့ရဲ့ အပြုအမူကို စိတ်အနှောက်အယှက် ဖြစ်လင့်ကစား ဟူရွေ့ ရွှယ်ကိုတော့ စိတ်အနှောက်အယှက် မဖြစ်ဘူး ဟူ၍ ဖြစ်တယ်။

ရှုယန်ထွက်သွားပြီးနောက် ဟူရွေ့ ရွှယ်က ချက်ချင်း ပြုံးနေတာ ရပ်သွားပြီး မှုန်ကုပ်တဲ့ မျက်နှာနဲ့ သူမရုံးခန်းထဲ ပြန်ဝင်သွားတယ်။" ကိုကြီး၊ ကိုကြီး ရည်ရွယ်ချက်က ဘာလဲ "

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now