347▫️348▫️349▫️350

1.4K 185 2
                                    


အခန်း (၃၄၇)

"ငါ မင်းကို ခဏလောက် နှိပ်ပေးမယ်လေ။ အဲ့ဒါဆို မနက်ဖြန် မကိုက်ခဲ မနာကျင်တော့ဘူးပေါ့။" မနက်ဖြန် နိုးလာတဲ့အခါ ရှုယန် မသက်မသာ ခံစားရမှာကို ဖုန်ကျယ်ယွီ စိုးရိမ်တယ်။

"အဆင်ပြေလောက်ပါတယ်။ ကျွန်မ မကြာသေးခင်က ယောဂလေ့ကျင့်နေတယ်။

ဟူရွေ့ ရွှယ် သူမကို ညွှန်းပေးလိုက်တဲ့ ကလပ်မှာ ယောဂနည်းပြတစ်ဦး ရှိတယ်။ ခန္ဓာကိုယ် ပုံသွင်း လေ့ကျင့်ခန်းတွေအပြင် ရှုယန် ယောဂလည်း လေ့ကျင့်ဖြစ်တယ်။ သူမ ခန္ဓာကိုယ် ပုံသွင်းတာ စနစ်ကျပြီးတဲ့နောက်မှာ ယောဂ ဆက်လေ့ကျင့်ဖို့ စီစဉ်ထားတယ်။

ယောဂလေ့ကျင့်တဲ့ တခြားသူတွေကို တွေ့ဖူးတယ်။ သူတို့မှာ စိတ်နေသဘောထားကောင်းနဲ့ အချိုးအစားကျတဲ့ ခန္ဓာကိုယ်တွေ ရှိကြတယ်။ အသက်လေးဆယ်ကျော်ပြီးနောက်လည်း သင့်တင့်တဲ့ ခန္ဓာကိုယ်အချိုးစားကို ထိန်းသိမ်းနိုင်ဖို့ သူမ မျှော်လင့်တယ်။

မြင်းကျောပေါ်ကနေ ဖြည်းဖြည်းချင်း စီးလာတော့ ရှုယန်ရဲ့ နဖူးရှေ့က ဆံစတွေဟာ လေကြောင့် အနည်းငယ် လွင့်ပျံနေပြီး သူမက ဖုန်ကျယ်ယွီရဲ့ ရင်ခွင်ထဲမှာ သက်တောင့် သက်သာ မှီနေတယ်။

"ဒီနေရာက အရမ်းလှတာပဲ။ ကျွန်မတို့ နောက်တစ်ခါ ပြန်လာနိုင်ဖို့ မျှော်လင့်တယ်။"

"မင်းလာချင်တဲ့ ဘယ်အချိန်ဖြစ်ဖြစ် ပြန်လာလို့ရပါတယ်" ဖုန်ကျယ်ယွီ လည်းပဲ ဒီနေရာကို အများကြီး ကြိုက်တယ်။

အဲ့ဒီတုန်းက သူ့ ဇာတိမြို့မှာ နေလို့မရတော့တဲ့ အချိန်မှာ သူ့အဖိုးတစ်ယောက် သူ စစ်တပ်ထဲဝင်ခွင့်ရဖို့ အဆက်အသွယ်တွေ သုံးခဲ့တာက နောက်ပိုင်းမှာ သူ့ဘဝကို ပြောင်းလဲသွားစေတယ်။ မဟုတ်ရင် သူ လမ်းပေါ်ရောက်သွားပြီး ပြန်လှည့်မရတဲ့ လမ်း ရောက်သွားနိုင်တယ်။

အဲ့နေ့လည်မှာ သူတို့ မြေပြင်ပေါ်စောင်ခင်းပြီး တိမ်ဖြူတွေနဲ့ ကောင်းကင်ပြာကို ကြည့်ရှုဖို့ အဲ့ပေါ်မှာ လဲလျောင်းလိုက်တယ်။ သူတို့ အဲ့လိုမျိုး တစ်နေကုန်လဲလျောင်းနေလို့ရတယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now