⚠️‼️Part-6[U&Z]‼️⚠️

56.3K 2.3K 231
                                    

Unicode

မိနစ်နှစ်ဆယ်လောက်လှုပ်ရှားလိုက်ပြီးတဲ့အချိန်မှာတော့ တစ်ဖက်လူတွေလည်းသဲဖွေးဖွေးပေါ်မှာ အတုန်းအရုန်းနဲ့ခစားကုန်ကြပြီဖြစ်သည်။အချိန်ကြာကြာလေး ခန္ဓာကိုယ်ကို အလုပ်ပေးလိုက်ရတာကြောင့် ဇမ်းလည်း အနည်းငယ်ချွေးစိုနေ၏။ဒါပေမယ့် ပင်လယ်လေရဲ့ အအေးဓာတ်ကြောင့် ချွေးတို့ကနေခပ်အေးအေးအခြေအနေသို့ပြန်ရောက်သွားလေသည်။ဒီအချိန်ဆိုပွဲလည်းပြန်စနေလောက်ပြီလို့ထင်တာကြောင့် ချွတ်ပြီးကျောက်ဆောင်ပေါ်တင်ထားတဲ့ Shirt ကိုသပ်သပ်ရပ်ရပ်လေးပြန်ဝတ်လိုက်ပြီးရင်ဘတ်ကို လက်နဲ့ခပ်ဖွဖွခါပစ်လိုက်သည်။ပြီးတော့ အမျိုးသမီးလေးပေးခဲ့သည့်  တရုတ်စကားပန်းလေးကိုတော့ တစ်ချက်မွှေးရှိုက်လိုက်ရင်း အင်္ကျီအတွင်းအိပ်ထဲမှာ တစ်ယုတယဖွက်သိမ်းလိုက်၏။အကုန်ပြီးပြီဆိုမှ ဇမ်းပွဲဘက်ကိုပြန်လျှောက်သွားလိုက်သည်။

"ဟ!"

"အ့!"

အာမေဋိတ်သံနှစ်ခုက တစ်ချိန်ထဲမှာထွက်ပေါ်လာပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိလေ၏။

"ကြောင်ပေါက်စလေးပါလား"

"ဘာရယ်"

ဇမ်းရဲ့ခပ်တိုးတိုးစကားကိုကြားတော့ ထိုလူကသူ့ပခုံးလေးကိုကျန်လက်တစ်ဖက်နဲ့အုပ်ကိုင်ရင်း အလိုမကျသလိုမေးသည်။ခန်းမအဝင်အဝမှာ နှစ်ယောက်သားဝင်တိုက်မိတာကြောင့် နှစ်ယောက်လုံးတစ်ယောက်နဲ့တစ်ယောက်အကဲခတ်မိကြတာဖြစ်သည်။ နက်ပြာရောင် Three-piece Suit ကိုဝတ်ဆင်ထားသည့်ထိုလူရဲ့ပုံစံကအနည်းအမောတကောနိုင်နေကာ နဖူးပြေပြေမှာလည်းချွေးတို့ကစို့နေသေးသည်။သေးသွယ်ပြီးတန်းညီနေသည့်မျက်ခုံးနက်နက်လေးက အဖျားကျမှခဲဆွဲထားသလိုပုံစံတကျလေးနဲ့အချိုးညီနေပြီး ထိုမျက်ခုံးတန်းရဲ့အောက်က ခပ်ကျဥ်းကျဥ်းမျက်လုံးလေးက တည်ငြိမ်နေကာ ဖြောင့်စင်းတဲ့နှာတံကိုမှာမှ နှာခေါင်းလုံးလုံးလေးက ကလေးဆန်ပြီးချစ်စဖွယ်လေးလိုဖြစ်နေ၏။မျက်နှာအစိတ်အပိုင်းတွေအားလုံးထဲမှာမှ အထူးခြားဆုံးနဲ့သဘောကျဖွယ်အကောင်းဆုံးက မက်မွန်းရောင်စိုနေသည့်နူတ်ခမ်းလေးပင်။

You are My BoneWhere stories live. Discover now