Part - 69 [Uni&Zaw]

11.3K 913 131
                                    

Unicode

"ရောက်ပြီ ချာတိတ်!"

စက်ရှိန်က ကားဟွန်းတစ်ချက်တီးရင်း တုတုကိုသတိပေးသည်။ခဏကြာတော့ ခြံတံခါးလာဖွင့်ပေးတာမို့ စက်ရှိန် ခြံထဲကိုကားမောင်းဝင်လိုက်၏။

"ဦးစက်...၊တုတုဘာသာဒီကပဲဆင်းပြီးအိမ်ထဲဝင်လို့ရတာကို....၊ဦးစက်အလုပ်ရှုပ်နေမယ်"

"ရောက်ပဲရောက်နေပြီကို နည်းနည်းလောက်ပိုမောင်းရတာကိစ္စမရှိပါဘူး.....၊ပြီးတော့ အချိန်ကနောက်ကျနေပြီလေ....၊ကိုယ်ကခေါ်သွားတဲ့လူဆိုတော့ မိဘတွေလက်ထဲသေချာပြန်ထည့်ပေးမှအဆင်ပြေမှာပေါ့"

"ဟုတ်"

တုတုခေါင်းလေးညိမ့်ပြရင်း ဆင်ဝင်အောက်ကိုလှမ်းကြည့်တော့ဖေဖေရောမေမေရောက အိမ်ပြင်မှာထွက်စောင့်နေ၏။ဦးစက်က ကားလေးကိုဆင်ဝင်အောက်မရောက်တရောက်မှာရပ်လိုက်ပြီး ကားစက်သတ်ပြီးမှ တုတုကိုမေးဆတ်ပြသည်။ထို့ကြောင့် တုတုလည်း ခေါင်းလေးညိတ်ပြကာ ကားပေါ်ကဆင်းလိုက်၏။ပြီးနောက် ဦးစက်ကပါ မရှေးမနှောင်းဆင်းလိုက်ကာကာ.....၊

"အားနာလိုက်တာ ဦးမင်းနဲ့အန်တီ....၊ဒီနေ့ကအလုပ်ပိတ်ရက်ဆိုပေမယ့် အလုပ်ကိစ္စလေးပေါ်လာတော့ သွားလိုက်လာလိုက်လုပ်လိုက်ရတာ အချိန်လင့်ပြီးမိုးချုပ်သွားတယ်...."

"ရပါတယ် မောင်နေ....၊မိုးချုပ်နေလို့နည်းနည်းစိတ်ပူပေမယ့် တစ်ဖက်ကပြန်ကြည့်တော့လည်း မောင်နေနဲ့ဆိုတော့စိတ်ချရတာပါပဲ....၊သားငယ်ကရော အလုပ်မှာအဆင်ပြေပြေရှိရဲ့လား....၊မောင်နေသိတဲ့အတိုင်း သားငယ်က တစ်ဦးတည်သောအဆိုးလေးဆိုတော့"

"မေမေကလည်း...."

အမေဖြစ်သူရဲ့အပြောကြောင့် တုတုက မိခင်ရဲ့ခါးကိုဖက်ရင်း ခပ်ချွဲချွဲလေးဆို၏။

"တွေ့လား မောင်နေ.....၊အဲ့တာသာကြည့်တော...."

တုတုအမေရဲ့စကားကြောင့် ဦးမင်းဆစ်စိုင်အပါအဝင် စက်ရှိန်ပါရယ်မိသွားသည်။

"အဆင်ပြေပါတယ် အန်တီ‌ရဲ့....၊ချာတိတ်ကကြိုးစားချင်စိတ်ရှိပါတယ်....၊သင်လွယ်တတ်လွယ်လည်းရှိတယ်"

You are My BoneWhere stories live. Discover now