Part - 57[Uni&Zaw]

17.8K 1.2K 130
                                    

Unicode

"ဘာ ပျောက်သွားတာဟုတ်လား"

ဒေါ‌သကြောင့် ဇမ်းအသံဘယ်လောက်ကျယ်သွားသည်မသိ ဘေးကလူတွေပါလှည့်ကြည့်လာသည်။

"ဟုတ်ပါတယ် သခင်လေး....ကျွန်တော်တို့လဲ..."

"စောအိုက်!!"

ဒေါသကြောင့် ဇမ်းအသံလှိုင်းက ဆောင့်ခါထွက်သွားလေသည်။ထိုအခါ တစ်ဖက်မှ....၊

"သခင်လေး ကျွန်တော်...."

"သခင်လေး အဲ့တာ အိုက်အမှားမဟုတ်ပါဘူး...၊ကျွန်တော်ကြောင့်ပါ"

"စောသိုက်!"

စောအိုက်နဲ့ပြောနေရင်း စောသိုက်အသံဖြတ်ဝင်လာတာကြောင့် ဇမ်းမျက်မှောင်ကျုံ့သွားလေသည်။

"စောသိုက်!စောသိုက်လား!!"

"ကျွန်တော်ပါ သခင်လေး"

"အေး သိတယ်"

ဇမ်း သိနေပြီးသားဆိုတဲ့ပုံစံနှင့် ခပ်ကြိတ်ကြိတ်ဆိုသည်။အမြဲတမ်း စောသိုက်ကိုခေါ်ရင်စောအိုက်ပါလာသည်။‌ထိုနည်းအတူ စောအိုက်ပဲသွားသွား စောသိုက်ပါသည်။နှစ်ယောက်လုံးကို ဘယ်တော့မှခွဲမရ။

"မင်းတို့နှစ်ယောက်နဲ့ငါ နောက်မှတွေ့အုန်းမယ်...၊အခု သူဘယ်မှာလဲ မင်းတို့လိုက်ရှာ"

ဇမ်းပြောပြီးတာနဲ့ ဖုန်းချကာ ဆိုင်ကယ်သော့ကိုပါဆွဲယူပြီး ထရပ်သည်။ပြီးတော့ Lunaဆီကို‌ဖုန်းခေါ်လိုက်ရင်း....၊

"Luna!!"

"ဖြေးဖြေးခေါ်ဟ နားစည်တွေပါကွဲတော့မယ်"

"ညွှန်းဘယ်သွားမယ်လို့ မင်းကိုပြောခဲ့တာလဲ"

"နေရင်း ထိုင်ရင်း ငါဘယ်လိုသိမှာလဲ"

"ငါ မင်းနဲ့အပိုစကားတွေပြောဖို့အချိန်မရှိဘူး မင်းအခုဘယ်မှာလဲ"

"မင်းတို့ Condoမှာ မင်းတို့ဆီတော့မဟုတ်ဘူး"

"ညွှန်းကရော...."

"ငါမလာခင်တုန်းကတောင် ကိုညွှန်းနဲ့တွေ့သေးတယ်....၊အခုတော့ ငါနဲ့အတူမရှိဘူးလေ...၊ကုမ္ပဏီမှာနေမှာပေါ့"

"တောက်!"

"ဘာဖြစ်လို့လဲ"

"ညွှန်းပျောက်သွားတယ်လို့ စောသိုက်တို့ပြောတယ်....၊ရိုးရိုးသားသားမဖြစ်နိုင်ဘူး....၊ညွှန်းနဲ့ပတ်သတ်ပြီး ငါမသွားခင်မင်းကိုလုပ်ခိုင်းခဲ့တာ လုပ်ထားလား"

You are My BoneWhere stories live. Discover now