Part _ 52 [Uni & Zaw]

14.4K 1.1K 134
                                    

Unicode

လက်ကနာရီကိုပြန်ကြည့်တော့ ၄နာရီခွဲနေပြီဖြစ်သည်။ရုံးဆင်းချိန်က ၄နာရီဖြစ်တာမို့အခုအချိန်ဆို တစ်ရုံးလုံးမှာ လုံခြုံရေးသမားနဲ့စက်ရှိန်ပဲကျန်‌တော့မည်ထင်။အလုပ်လည်းပြီးသလောက်ဖြစ်နေသွားပြီမို့ လုပ်လက်စတွေကိုလက်စသတ်ကာ ပစ္စည်းတွေသိမ်းကာ ပြန်ဖို့လုပ်လိုက်၏။

"တုတု"

"ဦးစက်"

စက်ရှိန်ကိုမြင်တော့ တုတုမျက်လုံးလေးတွေလက်ဖြာသွားကာ ထိုင်နေရာကနေထလာလေသည်။

"ချာတိတ် မင်းအခုထိအိမ်မပြန်သေးဘူးလား"

"ဦးစက်လည်း မပြန်သေးလို့လေ"

ပြန်ဖြေပေးလာပုံကအတိအကျ။ကြည့်လိုက်တော့လည်းမျက်ဝန်လေးတွေကအစရွန်းတောက်ကာ ရွင်မြူးနေတာမို့....၊

"ဘာအလုပ်ကျန်သေးလဲ အခု"

"ဟင့်အင်း ပြီးပြီ ဦးစက်"

"ဟုတ်ပြီ ဒါဆိုပြန်ကြမယ်"

"ဟုတ်"

စက်ရှိန်စကားဆုံးတာနဲ့ တုတုကထိုင်နေရာနေထကာ စက်ရှိန်ဘေးကိုခပ်မြန်မြန်ပင်ရောက်လာသည်။ပြီးတော့ စက်ရှိန်နဲ့ကားထဲမှာအတူမထိုင်ခင်အထိ ဘာစကားမှမပြောဘဲ ငြိမ်ငြိမ်လေးသာလိုက်လာသည်။

"အလုပ်တွေလုပ်ရတာ အဆင်ပြေရဲ့လား"

"ဟုတ်ပြေပါတယ် ဦးစက်"

"ဟုတ်ပါပြီ"

ဒါပဲလား....။
ပြောစရာစကားတွေအများကြီးရှိနေမယ်ထင်ထားခဲ့တာကို။

တုတု ကုမ္ပဏီကိုစရောက်လာတော့ ကိုညွှန်းစာစီဖွဲ့ပါအလုပ်ပြန်ဝင်နေပြီဖြစ်သည်။ဦးစက်မျက်ဝန်းထဲမှာ ကိုညွှန်းစာစီဖွဲ့အပေါ် နက်နက်နဲနဲမေတ္တာတွေမမြင်ရတော့ပေမယ့် အလုပ်အတူတူတွဲလုပ်နေသည့်အတွက် ရင်းနှီးနေသည့်ဆက်ဆံရေးများသည်....။

အထူးသဖြင့် ဦစက်ရဲ့ အလေးပေးလိုက်လျောမှု့များ။ပြီးတော့ ဦးစက်အားတွေ့မြင်ခွင့်ရသည့်အချိန်များဟာ အစည်းအဝေးချိန်နဲ့ ဦးစက်ဆီတစ်ခုခုသွားမေးတာ ပေးတာ ရှိသည့်အချိန်မှသာဖြစ်သည်။တဖြည်းဖြည်းနဲ့ သူ ဦးစက်ရဲ့အဝေးကိုရောက်နေပြီလား။မဟုတ်လည်း သူနဲ့ဦးစက််က ဘယ်တုန်းကများနီိးစပ်ခဲ့ကြဖူးလို့လဲ။

You are My BoneWhere stories live. Discover now