Part _ 45[Uni&Zaw]

21.7K 1.7K 117
                                    

Unicode

Taxi ပေါ်ကဆင်းပြီးတာနဲ့ Luna အဝတ်တို့ကိုသပ်သပ်ရပ်ရပ်ဖြစ်အောင် တစ်ချက်ဆွဲသပ်လိုက်သည်။တကယ်လာချင်တာက ဆိုင်ကယ်နဲ့။ပြန်ရောက်လာလာချင်းသွားလာရလွယ်ကူအောင် ဆိုင်ကယ်တစ်စီး စီစဥ်ခိုင်းထားတာတောင်လွဲဖြစ်အောင်လွဲကျသေး။စိတ်ကတိုလေ ဒေါသတွေက ထွက်ဖို့ရာဦးတည်ချက်ကတစ်သတ်မှတ်ထဲ ဖြစ်၏။ဒါလည်း ဟိုကောင့်ကြောင့်။

ဖုန်းကိုတစ်ချက်ကြည့်ပြီး ဘေးဘယ်ညာကိုမျက်စိကစားလိုက်မိသည်။နေရာက သိပ်တော့မဝေးတော့။ရှေ့နားနီးနီးဆိုရောက်တော့မှာပေမယ့် ဒီနားက လမ်းကြားလေးလိုဖြစ်နေတာကြောင့် လူနည်းနည်းပြတ်သလိုဖြစ်နေသည်။Luna အနေနဲ့အကြောက်အလန့်သိပ်မရှိပေမယ့် နေရာသစ်မို့ သတိချပ်ရင်း ခပ်သွက်သွက်လျှောက်ထွက်လာလိုက်သည်။ဖုန်းဆက်ဖို့တွေးလိုက်ပေမယ့် အနီးရောက်မှပဲ ဆက်ဖို့တွေးရင်း လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ကာ လျှောက်လာလိုက်သည်။

"ဆံပင်ကြီးကအရှည်ကြီးကွာ"

"ဖြတ်ရောင်းရင် ဈေးကောင်းရမယ်ထင်တယ်"

"ဖြတ်ရောင်းရအောင် နှမျောစရာကြီးကွာ...ပြီးတော့ အလှလေးပါကွ"

"အဲ့တာတော့ဟုတ်တယ်....လူလေးပါဆိုပိုဈေးကောင်းရမယ်ထင်တယ်....၊ဟား....ဟား..."

"ဟား....ဟား.... ဟား...."

"ကျစ်!"

ဒီလိုနေရာမှ ဒီလိုလူမျိုးတွေလည်းရှိတတ်သေးသည်လား။အချိုးအချိတ်မကျသည့် စကားသံတို့က Luna နားထဲသို့ ကန့်လန့်တိုးဝင်သွားတာကြောင့် အသံခပ်တိုးတိုးနှင့် စုတ်တစ်ချက်သပ်သည်။ထိုလူနှစ်ယောက်ကိုကျော်ကာ အရှေ့ကိုကြည့်လိုက်တော့ နက်မှောင်သည့်ဆံနွယ်ရှည်တို့က တင်ပါးကျော်လောက်အောင်ရှည်ပြီး လမ်းလျှောက်လိုက်တိုင်း လူးလွန့်ယိမ်းခါသွားပုံက အတော်ကိုလှပသည့်မြင်ကွင်းတစ်ခု။Luna ထိုမြင်ကွင်းပေါ်မှာ စူးစူးစိုက်စိုက် ပျော်ဝင်သွားပြီးမှ ခေါင်းထဲ ဖျတ်ခနဲ တွေးမိလိုက်သည်က.....သူမများလား။

Luna တွေးနေတုန်းရှိသေးသည် အရှေ့ကလူနှစ်ယောက်ကခပ်သွက်သွက်လျှောက်ကာ သူမအနားပိုတိုးကပ်သွားတာကြောင့် Luna လည်းနောက်မကျစတမ်း ခပ်မြန်မြန်ပဲ ထိုလူနှစ်ယောက်ကိုကျော်ကာ သူမအနားကိုရောက်အောက်အောက်သွားလိုက်သည်။အနားရောက်တော့ ဟက်ခနဲခပ်လွန့်လွန့်ပြုံးလိုက်မိသေးသည်။အမြဲတမ်း သူ့မှန်းချက်တွေက မှန်နေဆဲမို့။Luna အနားရောက်သွားတော့ သူမက အလန့်တကြားမော့ကြည့်လာသည်။ခပ်ဖူးဖူးမျက်နှာလေးက ပါးပြင်တွေကစ နားရွက်ဖျားတွေအထိ ပန်းရင့်ရောင်သန်းကာ မျက်လုံးလေးတွေကတလဲ့လဲ့ဖြစ်နေ၏။သို့ပေမယ့် Luna က သွားတန်းဖြူဖြူလေးတွေပေါ်လာတဲ့အထိ ရယ်ပြလိုက်ရင်း သူမလက်လေးကို ပိုင်စိုးပိုင်နင်းဆွဲယူလိုက်၏။

You are My BoneWhere stories live. Discover now