Part - 72 [Uni&Zaw]

12.5K 882 147
                                    

Unicode

"ငယ်ရွယ်သူအချစ်မို့....အလေးမတာလား...ပြောပါ...."

အာလေးလျှာလေးနဲ့တစ်လွှဲသီချင်းသံက ခပ်တိုးတိုး။စက်ရှိန်နဲ့ဇမ်းမှလွဲရင် အားလုံးနီးပါးကလဲကွဲကုန်ကြပြီဖြစ်သည်။ထနောင်းရိပ်ကအစောကတည်းက အခန်းထဲဝင်သွားပြီမို့ ရှင်းခေတ်၊တုတုနဲ့Lunaတို့သုံးယောက်က ခေါင်းချင်းဆိုင်ကာ လက်ညိုးတစ်ထောင်ထောင်နှင့် ဘာတွေတိုင်ပင်နေမှန်းမသိ။မူးနေကြတာခြင်းအတူတူ ညွှန်းကတော့ ဇမ်းဘေးတွင်ထိုင်ရင်းခေါင်းငိုက်စိုက်ကျနေပုံကမသိရင်အိပ်ပျော်နေသည့်ပုံ။သို့သော်အိပ်ပျော်နေတာမဟုတ်ပေ။

"ညွှန်း!"

ဇမ်း ခပ်တိုးတိုးခေါ်ရင်း သူ့လူမျက်နှာလေးကို လိုက်ကြည့်တော့ ညွှန်းက ဘာမှမပြောဘဲ ငြိမ်သက်နေဆဲ။ညကပိုနက်လာတာမို့ အအေးကပိုလာသည့်အပြင် ဝိုင်သောက်ထားသည့်အရှိန်ကြောင့် ညွှန်းနားဖျားလေးတွေကအစ နှာသီးဖျားလေးနဲ့ပါးပြင်တွေပါရဲနေ၏။မျက်ဝန်းလေးတွေက မှေးမှိတ်ထားတာမဟုတ်သည့်တိုင် ငိုက်စင်းစင်းလေးဖြစ်နေဆဲ။

"မင်းစော်ထက် ငါ့...စော်က.... ပိုမိုက်တယ်...ငါ့....စော်ပို...မိုက် ‌အင့်..."

"No...No...."

"ဘာ....No"

တုတု၏ဗရုတ်သုခသီချင်းကို Lunaက ခေါင်းထောင်ကာ အာလေးလျှာဖြင့်ဝင်ဟန့်သည်။ဒါကိုပဲ တုတုသီချင်းအားခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ထောက်ခံနေသည့် ရှင်းခေတ်က မကျေနပ်သလိုမေးခွန်းထုတ်လာ၏။ထိုအခါ Lunaက မပွင့်သေးသည့်မျက်လုံးတို့ကို ပြူးပြဲ၍အစွမ်းကုန်ဖြင့်လိုက်ကာ လက်ညိုးလေးစရင်း.....၊

"ငါ့စော်....အဲ...ငါ့ရိပ်ရိပ်လေးက ....ပိုမိုက်တာ....တာကွ"

"မမိုက်ဘူး"

တုတုက လေးဖင့်စွာကန့်ကွက်တော့ Lunaက မကျေနပ်သလို ယိုင်နဲ့နဲ့နှင့်ထရပ်၏။

"ဘာလို့....မမိုက်ရမှာ....၊ငါ့ရိပ်ရိပ်လေး....က...ဆံပင်ကလည်း....အရှည်ကြီး....၊ပြီး....တော့ လှတယ်ကွ"

"ဘာဖြစ်ဖြစ်ဗျာ....အကုန်လုံးထက်....ကျွန်တော်ချစ်သူက....ပိုမိုက်တယ်"

You are My BoneWhere stories live. Discover now