Part_33[Uni&Zaw]

26.5K 2.1K 363
                                    

Unicode

"ဇမ်း"

"အင်း"

ဇမ်းနူတ်ကသာ အင်း လို့ထူးလိုက်ပေမယ့် အကြည့်တို့က ညွှန်းဆီရွေ့လျားမလာဘဲ ဖုန်းဆီမှာသာ။စားပွဲပေါ်မှာ ပန်းသီးနဲ့ဓားကိုပန်းကန်ထဲထည့်ထားပေမယ့် အခုထိတို့ထိခြင်းလည်းမရှိ။မနက်ထဲက ဘာစကားမှလည်း ကောင်းကောင်းမပြောတာမို့ အခြေအနေက အေးစက်စက်ကြီးဖြစ်နေကာ ညွှန်းစိတ်ထဲနေမတတ်လည်းဖြစ်နေမိ၏။ဒီအတိုင်းကြီး ဆက်မနေတတ်တာမို့ ညွှန်းလည်ပင်းလေးပွတ်ရင်း ဇမ်းဘေးကိုလျှောက်သွားလိုက်ကာ....၊

"ငါဈေးထိပ်သွားချင်လို့ လိုက်ပို့"

ညွှန်းပြောတော့ ဇမ်းက ညွှန်းကိုမျက်စိလှန်ကြည့်လာ၏။ပုံမှန်ဆို မျက်နှာကပြုံးမနေရင်တောင် မဲ့တဲ့ရွဲ့တတ်သေးတဲ့လူက ခပ်တည်တည်တင်းတင်းဖြစ်နေတော့ ညွှန်းစိတ်ထဲအနည်းငယ်ရှိန်မိနေသည်။ခပ်မှိုင်းမှိုင်းဖြစ်နေတဲ့ မျက်ဝန်းအကြည့်တွေနဲ့တင်းတင်းစေ့နေတဲ့ နူတ်ခမ်းတို့ကြောင့် ဇမ်းမျက်နှာက အတော်ကိုတည်တင်းနေကာ တော်ရုံလူစေ့စေ့မကြည့်ရဲလောက်အောင် အရှိန်အဝါပြင်းထန်‌လွန်းနေ၏။

"မလိုက်လည်းရတယ်"

ညွှန်းပြောလည်းပြော မတ်တပ်ပါရပ်လိုက်တော့ ဇမ်းရဲ့ခပ်တိုတိုပြတ်ပြတ်အသံကထွက်လာလေ၏။

"ဘာလုပ်ဖို့သွားမှာလဲ"

"ဈေးထိပ်ပါဆိုမှ ဝယ်စရာရှိလို့ပေါ့"

ညွှန်းစကားကြောင့် ဇမ်း လက်ကနာရီကိုတစ်ချက်ပင့်လိုက်လိုက်မိတော့ အချိန်က ၇နာရီလောက်ပင်ရှိသေးသည်။ဈေးလည်းကွဲသေးမှာ မဟုတ်တော့ သူ့လူတစ်ခုခုချက်စရာရှိလို့ပဲဟုတွေးလိုက်မိသည်။တကယ်တမ်းပြောရမယ်ဆို ဇမ်း သူ့လူကို အခုနေစကားပြောဖို့အတွက်အဆင်မပြေဖြစ်နေတာအမှန်ပါ။

စိတ်မကြည်ရင် မျက်နှာပါအထင်းသားပေါ်လာတတ်တာ မွေးရာပါပြင်မရတဲ့ အရာတစ်ခုလိုဖြစ်နေတာမို့ အခု ဇမ်းမျက်နှာက ဘယ်လိုပုံစံဆိုတာ ကိုယ့်ကိုကိုယ်မှန်မကြည့်ဘဲ သိပါသည်။အစကတည်းက သူ့လူကလွဲရင် ဘယ်သူမှအကပ်မခံလောက်အောင်ကင်းကွာပြနေသည့် သူ့ကိုမှ မယုံသလိုအကြည့်တွေနဲ့ သူစိမ်းကိုပိုယုံခဲ့တဲ့ သူ့လူကို စိတ်ထဲမှာအနည်းငယ်အစာမကြေဖြစ်မိတာတော့အမှန်ပင်။ချစ်ခြင်းမုန်းခြင်း ဆိုတဲ့အရာတွေကို ခဏဖယ်ထားရင်တောင် အိမ်ထောင်ဖက်ပေါ်သစ္စာရှိခြင်းဆိုတဲ့ ခေါင်းစဥ်အောက်ကနေ စိတ်နဲ့တောင်သူဖောက်မထွက်ခဲ့သေးပါ။

You are My BoneWhere stories live. Discover now