Part_36[Uni&Zaw]
27.6K 1.7K 155
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Unicode
အခုအချိန်အထိတိတ်ဆိတ်နေတဲ့ဖုန်းလေးကို စောင်းငဲ့ကြည့်မိတော့ လုပ်လက်စအလုပ်ပေါ်မှာလည်းစိတ်ဝင်စားမှု့တို့က ပျောက်ကွယ်သွားရပြန်သည်။ဒီရက်နဲ့ဆို ၃ရက်ရှိပြီမလား ထိုချာတိတ်သူ့ကိုဖုန်းမဆက်တာ။အရင်ကဆို ဒီအချိန်ညတိုင်းဖုန်းဆက်နေကျချာတိတ်က အခုလိုရက်အကြာကြီးမဆက်သွယ်တော့ စင်ရှိန်စိတ်ထဲနေရတာအဆင်မပြေ။အကျင့်တစ်ခုကိုအစပြုပြီးမှ ရုတ်တရပ်ရပ်တန့်ခြင်းခံလိုက်ရသလို နေသားမကျဖြစ်နေရသည်။
"နေများမကောင်းလို့လား"
"ဒါမှမဟုတ်စိတ်ဆိုးနေတာလား"
အတွေးတွေနဲ့အတူ ရောက်တက်ရာရာတွေပြောရင်း ချာတိတ်လေးလို့နာမည်မှတ်ထားသည့်ဖုန်းနံပါတ်လေးအားကြည့်ကာ စက်ရှိန်ဘာဆက်လုပ်ရမှန်းမသိ။‌ဘာကြောင့် အရင်လိုဖုန်းဆက်မလာလဲ သိချင်သလို၊ဖုန်းဆက်လိုက်ဖို့ကျပြန်တော့လည်း ကိုယ့်လူကြီးဆိုတဲ့ဂုဏ်ပုဒ်ကိုပြန်သတိထားနေရသည်။တကယ်ဆို ဘာမှလည်း မဆိုင်ကြသေးဘဲနဲ့။
ဒီရက်ပိုင်းနွယ်ရောက်လာလို့အလုပ်ရှုပ်နေသလို၊ပရော့ဂျက်အသစ်တစ်ခုအတွက်လည်း စက်ရှိန်အလုပ်တွေမအားမလပ်ဖြစ်နေရသည်မို့ တစ်ခြားအရာတွေအာရုံမစိုက်နိုင်သေးပေ။ဒါတောင် မနက်ဖြန် နွယ်က ဝယ်စရာတစ်ချို့ရှိတဲ့အတွက် နေရာတစ်ချို့ကိုလိုက်ပို့ခိုင်းသေးသည်။ကိုယ့်စိတ်နဲ့ကိုယ်သာဆို ငြင်းချင်ပေမယ့် မေမေကလိုက်ပို့ခိုင်းတာရော၊အသိမိတ်ဆွေဆိုသည့် ထည့်တွက်ရမည့်အရာတွေကြောင့်ပါလက်ခံလိုက်ရသေးသည်။ခေါင်းပူနေတဲ့အချိန်သာလူကဘာမှသိပ်သတိမထားမိပေမယ့် စိတ်အေးပြီး အတွေးတွေငြိမ်သက်နေတဲ့အချိန်မျိုးမှာဆိုတစ်စုံတစ်ယောက်ကိုသတိရမိတာပုံမှန်ဖြစ်လာသည်။သူသတိရမိတဲ့သူက ထိုချာတိတ်တဲ့လေ။
You are My BoneWhere stories live. Discover now