Part - 66[Uni&Zaw]

15K 1.1K 103
                                    

Unicode

ရေအေးအေးထဲမှာခန္ဓာကို ၃ပုံ၂ပုံလောက်ကိုစိမ်ထားပြီး အပေါ်စီးကမြင်နေရသည့် ခြံထဲကအလှအပတွေကို ဇမ်းကြည့်နေမိသည်။လက်နှစ်ဖက်ကို ရေကန်ဘောင်ပေါ်မှာ ဆန့်တန်းတင်ထားပြီး လက်တစ်ဖက်ထဲမှာတော့ ဝိုင်ခွက်လေးကိုခပ်သာသာလှုပ်ခတ်နေသည်။အမေရိက ကအိမ်မှာလိုပဲ အပေါ်ဆုံးအထပ်မှာ Infinity Swimming Pool လုပ်ထားသည်။ဒီအိမ်ရဲ့ပုံစံအပြင်အဆင်အားလုံးကို အမေရိက ကအိမ်အပြင်အဆင်နဲ့အများကြီးမကွာခြားစေပဲ ဇမ်းကိုယ်တိုင်သေချာစီမံထားခဲ့တာဖြစ်သည်။သို့ပေမယ့် အိမ်ပြီးစီးသွားသည့်တိုင် ဇမ်းတစ်ရက်သာသာလောက်ပဲနေခဲ့ပြီး အခုအကြိမ်က ဒီအိမ်ကိုဒုတိယအကြိမ်ပြန်ခြေချခြင်းဖြစ်သည်။

ကျယ်ဝန်းလှတဲ့ခြံအကျယ်ကြီးသည် အရင်လိုမဟုတ်ဘဲ အခုအချိန်မှာတော့ မီးရောင်များကြောင့် နေ့နဲ့ညမှားလောက်အောင်လင်းထင်းနေသည်။ ဒါဟာပြန်လည်အသက်ဝင်လာခြင်းရဲ့ပြယုရ်တစ်ခုပင်။ခြံတွင်းခြံပြင်၊အိမ်တွင်းအိမ်ပြင် အားလုံးကို ခေတ်မှီနည်းပညာတွေအသုံးပြုကာ ဇမ်းတစ်ယောက်ထဲသာထိန်းချုပ်ကွတ်ကဲသည်။အရင်ကနဲ့မတူဘဲ ဒီတစ်ခါက်ပြန်လာခြင်းမှာ အထီးကျန်ခြင်းကင်းနေ၏။ဒါ သူ့လူကြောင့်။

"အ့....အား....!"

အသံကအကျယ်ကြီးမဟုတ်ပေမယ့် တိုးနေတာလည်းမဟုတ်သည့် သူ့လူ‌ရဲ့ညည်းသံကြောင့် ဇမ်း‌ ရေကူးကန်ထဲစိမ်နေခြင်းကနေ ဆတ်ခနဲထရပ်သည်။ပြီးတော့ ဝိုင်ခွက်ကိုဘောင်ပေါ်ဒီတိုင်းပဲချထားခဲ့ရင်း အသင့်ချထားသည့် သဘတ်ကိုခပ်မြန်မြန် ကောက်ပတ်ဝတ်လိုက်၏။ပြီးတာနဲ့ သူ့လူအိပ်နေရာ ကုတင်ဆီကိုခပ်မြန်မြန်လျှောက်သွားလိုက်သည်။အနားရောက်တော့ အိပ်ယာပေါ်ကို တင်ပါးလွှဲဝင်ထိုင်ရင်း သူ့လူပါးလေးကိုဖွဖွထိ၏။

"ဘာမှမဖြစ်ဘူး....၊ကျုပ် ခင်ဗျားဘေးမှာရှိနေတယ်"

ဇမ်ပြာလည်းပြော ပါးလေးတွေကိုလည်းဖွဖွပွတ်ပေးတော့ အေးနေသည့်ဇမ်းလက်ကြောင့်ထင် သူ့လူကအိပ်နေရင်းမျက်ခုံးလေးတွေကိုတွန့်ချိုးပစ်သည်။

"ဟွန်း!"

ခင်ဗျားအရမ်းချစ်ဖို့ကောင်းတယ်။ပြီးတော့ တည်ငြိမ်ခြင်းနဲ့ကျက်သရေတင့်တည်ခြင်းကပါ ခင်ဗျားကိုယ်မှာတည်နေသေးတယ် ညွှန်းစာစီဖွဲ့။

You are My BoneWhere stories live. Discover now