Part_50[Uni&Zaw]

22K 1.7K 152
                                    

Unicode

Dear Lord, When I get to heaven
[ကြီးမြတ်သောဘုရားသခင်၊ကျွန်ပ်ကောင်းကင်ဘုံကိုရောက်လာတဲ့အခါ]

Please let me bring my men
[ကျေးဇူးပြုပြီး ကျွန်ုပ်ချစ်ရသူကိုပါခေါ်ခွင့်ပြုပါ]

When he comes,tell me that you´ll let him in
[သူရောက်လာတဲ့အခါမှာလည်း သူ့ကိုဝင်ခွင့်ပြုဖို့ပြောပေးပါ]

Father tell me if you can
[အဖဘုရားသခင် ဝင်ခွင့်ပြုတယ်လို့ပြောပေးပါ]

All that grace,all that body,all that face
[ထိုကြီးမြတ်မှု့တွေ၊ထိုခန္ဓာတွေ၊ထိုမျက်နှာတွေ]

Makes me wanna party
[ပျော်ရွင်အောင်ဆောင်မပေးတော်မူပါ]

He´s my sun
[သူကသာကျွန်ုပ်ရဲ့နေမင်းကြီးပါ]

He makes me shine like a diamond
[သူကသာ ကျွန်ုပ်ကိုစိန်တစ်ပွင့်လိုလင်းလက်တောက်ပစေသူပါ]

အပြာရင့်ရောင်အခန်းမီးခပ်မှိန်မှိန်လေးနှင့်အခန်းလေးက အထီးကျန်ဆန်နေသလို။ခပ်တိုးတိုးသီချင်းသံအေးအေးလေးနှင့်အတူ ဖန်ခွက်ထိခတ်သံခပ်တိုးတိုးက တိုးသဲ့စွာ။အပြာရောင်တွေဟာ စိတ်ကိုအေးချမ်းစေနိုင်သည်ဆိုပေမယ့် အခုအချိန် ပြာလဲ့လဲ့အခန်းထဲမှာ ထိုင်နေရတာတောင် သူ့ရင်တွေပူလောင်နေရသည်။အချစ်ကြောင့်၊အမုန်းကြောင့်၊နားကျည်းမှု့တို့ကြောင့်....။

အချိန်ကတဖြည်းဖြည်းနီးကပ်လာပြီမို့ လုပ်စရာရှိတာတွေက အချိန်ဆွဲထားလို့မရတော့။ကိုယ်တိုင်စေ့စပ်အောင်အစီအစဥ်ချထားရသည့် အလုပ်မို့ အသေးစိတ်သေချာကိုင်တွယ်သည်။ဒီလုပ်ငန်းအောင်မြင်သွားရင် ရလာမဲ့အကျိုးရလာဘ်တွေက သူ့နေရာအခြေခိုင်ဖို့အတွက် ခိုင်မာတဲ့ဒေါက်တိုင်တစ်ခုဖြစ်လာမည်။ရင်းခဲ့သမျှပေးဆပ်ခဲ့သမျှနဲ့တန်အောင် ဒီနေရာမှာ သူမြဲမြံနေမှဖြစ်မည်ပင်။

"အဟက်!"

ပိရိသေသပ်စွာစေ့ပိတ်ထားသည့် နူတ်ခမ်းတို့က တွန့်ကွေးညွှတ်တက်ကာ ပြုံးသွားတဲ့အခိုက်က ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲငြိမ်သက်သွားစေသလို။မိသားစုဆိုသည့်အရာကိုလည်း သူရက်ရက်စက်စက်ဖျက်စီးပစ်ခဲ့သည်။ချစ်ရသူကိုစတေးပြီး၊မိတ်ဆွေသူငယ်ချင်းဆိုတာတွေကိုပါ သူစွန့်ပစ်ခဲ့သည်။အရာအားလုံးကိုရင်းနှီးမြုပ်နှံပြီးနောက်မှာ လူတိုင်းရဲ့အရှင်သခင်နေရာကိုသူရခဲ့၏။သို့ပေမယ့် သူပျော်ရွင်ခဲ့ရရဲ့လား။

You are My BoneWhere stories live. Discover now